ဆိပ်ကမ်းရှိ ဆီသိုလှောင်ကန်စခန်းများတွင် Auto Tank Gauging စနစ်တပ်ဆင်ပြီး ဆီသယ်ယာဉ်များတွင်လည်း GPS တပ်ဆင်၍ စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးကို Digital စနစ်ဖြင့် ထိန်းချုပ်နိုင်ရေး ဆောင်ရွက်

ဆိပ်ကမ်းရှိ ဆီသိုလှောင်ကန်စခန်းများတွင် Auto Tank Gauging စနစ်တပ်ဆင်ပြီး ဆီသယ်ယာဉ်များတွင်လည်း GPS တပ်ဆင်၍ စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးကို Digital စနစ်ဖြင့် ထိန်းချုပ်နိုင်ရေး ဆောင်ရွက်
Published 4 May 2026

ဆိပ်ကမ်းရှိ ဆီသိုလှောင်ကန်စခန်းများတွင် Auto Tank Gauging စနစ်တပ်ဆင်ပြီး ဆီသယ်ယာဉ်များတွင်လည်း GPS တပ်ဆင်၍ စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးကို Digital စနစ်ဖြင့် ထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။

 မေ ၄ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၆) တွင် ကျင်းပသည့် အများပြည်သူ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများအဆင်ပြေချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်ရေး နှင့် ပြည်တွင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုအခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးတွင် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးအခန်း ကဏ္ဍများအတွက် စက်သုံးဆီများကို စနစ်တကျ စီမံခန့်ခွဲသွားမည့်အစီအမံများကို ဆွေးနွေးပြောကြားမည်ဖြစ်ကြောင်း၊ အများပြည်သူသယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အရေးပါသည့် ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာဝဓာတ်ငွေ့(CNG)များကို ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ဈေးနှုန်းမပြောင်းလဲဘဲ ရောင်းချပေး နေကြောင်း၊ ယင်းဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက လွန်စွာသက်သာမှုရှိသည့် အပြင် အာဆီယံနိုင်ငံများထဲတွင် အချိုသာဆုံးဖြစ်ကြောင်း၊ CNG သုံး Taxi ယာဉ်များကို သုံးစွဲခြင်းဖြင့် လောင်စာဆီကုန်ကျမှုမှာ သက်သာမှုရှိသည့်အတွက် CNG သုံး Taxi ယာဉ် များအနေဖြင့် နိုင်ငံတော်မှ  စိုက်ထုတ်ပေးထားသည့် အခွင့်အရေးကို ပြည်သူများ ခံစားခွင့်ရရှိစေရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ YBS ယာဉ်များအနေဖြင့်လည်း အများပြည်သူသယ်ယူ ပို့ဆောင်ရေးအတွက် ခွင့်ပြုထားသည့် လမ်းကြောင်းများအတွင်း၌သာ မောင်းနှင်၍ ဝန်ဆောင်မှုပေးနိုင်ရေး တာဝန်ရှိသူများမှ ကြပ်မတ် ဆောင်ရွက်ရန်လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ စက်သုံးဆီသယ်ယူဖြန့်ဖြူးမှု ပိုမိုစနစ်တကျဖြစ်စေရေး မျှတစွာ ထုတ်ပေးရာ တွင် Application ရေးဆွဲပြီး OR Code စနစ် အသုံးပြုနိုင်ပြီဖြစ်သဖြင့် စစ်ဆေးရေးဂိတ်များတွင် Scan ဖတ်၍ စစ်ဆေးနေပြီဖြစ်ကြောင်း၊ ဆက်လက်၍ ဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging စနစ်တပ်ဆင်စေပြီး ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်စေလျက်ရှိခြင်းပြီးစီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူး သည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့် ထိန်းချုပ်နိုင် တော့မည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် စက်သုံးဆီ ဝယ်ယူတင်သွင်းရမှုများစွာ လျော့ နည်းသွားမည် ဖြစ်ကြောင်း၊ ဆက်လက်ပြီး မြစ်တွင်းသွားရေယာဉ်များအတွက် စက်သုံးဆီ ဖြန့် ဖြူးပေးရန်အတွက်လည်း လုပ်ထုံးလုပ်နည်းများ ရေးဆွဲပြီးဖြစ်၍ မကြာမီထုတ်ပြန်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်း ပါဝင်ဆောင်ရွက် မှုသည် အဓိက ဖြစ်ရာ ပြည်သူလူထုကို အကျိုးဖြစ်ထွန်းမှသာ ပြည်သူလူထု လေးစားအားကိုး ယုံကြည်မှု ရရှိမည်ဖြစ်သည့်အတွက် နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုနေသည့် ဝန်ထမ်းများ၊ Stakeholder များ အနေဖြင့် စေတနာထားဆောင်ရွက်ကြရန်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ စ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမျ ပန်းဆက်သွယ်ရေးဝန်ကြီးများက တိုင်းဒေသကြီးများမှ ပြည်နယ်များအလိုက် စက်သုံးဆီသုံးစွဲမှုစနစ်အား ကြပ်မတ်ထိန်းကျောင်းပေးနေမှု၊ မလိုလ အပ်သောနေရာများသို့ စက်သုံးဆီများ ရောက်ရှိမှုမရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ပေး အခြေအနေများအားလည်းကောင်း၊ ရန် ရန် ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြပ်မှုကော်မတီ(YRTC)၊ ရန်ကုန်စီးတီးတက္ကစီ အသင်း (YCTA) နှင့် YBS ခရီးသည်တင် ယာဉ်လိုင်းကုမ္ပဏီတို့မှ တာဝန် ရှိသူများမှ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍအဆင်ပြေချောမွေ့စေရေး ဆောင်ရွက် သွားမည့် အခြေအ နေများကို လည်းကောင်း၊ ကမ်းရိုးတန်း သွားသင်္ဘောပိုင်ရှင်များအသင်း၊ ပင်လယ် ကမ်းဝေး ငါးဖမ်း လုပ်ငန်း ရှင်များအသင်း၊ ပြည်တွင်းရေကြောင်းသွားရေယာဉ်ပိုင်ရှင်များအသင်းမှ တာဝန်ရှိသူ များမှ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များ၊ တာဝန် ရှိ ပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအ သင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ(YRTC)၊ အများ ပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် YCTA နှင့် YBS တို့မှ တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သိရသည်။

Most Read

Most Recent