နိုင်ငံ၏အရှေ့တောင်ပိုင်းတွင်လောင်နေသော ပြင်းထန်တောမီးများကို ထိန်းချုပ်ရန် တောင်ကိုရီးယား ရုန်းကန်နေရ

နိုင်ငံ၏အရှေ့တောင်ပိုင်းတွင်လောင်နေသော ပြင်းထန်တောမီးများကို ထိန်းချုပ်ရန် တောင်ကိုရီးယား ရုန်းကန်နေရ
Photo: AFP
Photo: AFP
Published 25 March 2025

ခြောက်သွေ့ပြီး လေထန်သောရာသီ ဥတုအခြေအနေက နိုင်ငံ၏အဆိုးရွားဆုံး တောမီးကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများအား အဟန့်အတားဖြစ်စေသောကြောင့် တောင်ကိုရီးယား၌ ပြင်းထန် တောမီးများသည် ညပိုင်းတွင် ပိုဆိုးလာခဲ့သည်ဟု မတ်လ ၂၅ ရက်တွင်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လွန်ခဲ့သောရက်ပိုင်းတွင် တောမီးတစ်ဒါဇင်ကျော်လောင်ခဲ့သည်ဟု ဘေးကင်းရေးဝန်ကြီးက ပြောကြားခဲ့သည်။ ယင်းတောမီးများကြောင့် ဟက်တာထောင်ချီမီးလောင်ခံခဲ့ရပြီး လေးဦးသေဆုံးသွားခဲ့သည်ဟု ဆိုသည်။

“တောမီးတွေက အခုချိန်ထိ ဟက်တာ ၁၄၆၉၄(ဧက ၃၆၃၁၀) နီးပါးကို လောင်ထားပါတယ်။ ထိခိုက်ပျက်စီးမှုဟာ ဆက် လက်တိုးနေပါတယ်”ဟု ယာယီပြည်ထဲရေး နှင့်ဘေးကင်းရေး ဝန်ကြီး ကိုကီဒွန်ကပြောကြားခဲ့သည်။

ထိခိုက်ပျက်စီးမှု အတိုင်းအတာက ယခု တောမီးများကို တောင်ကိုရီးယား၏သမိုင်း တွင် အစုအပေါင်းအားဖြင့် တတိယမြောက် အကြီးဆုံး တောမီးဖြစ်စေသည်။ တောင် ကိုရီးယား၏အကြီးဆုံးတောမီးမှာ ၂၀၀၀ ပြည့်နှစ် ဧပြီလထဲတွင် အရှေ့ကမ်းရိုးတန်း၌ ဟက်တာ ၂၃၉၁၃ (ဧက ၅၉၀၉၀) လောင် ကျွမ်းခံခဲ့ရသော တောမီးဖြစ်သည်။

လူ ၃၀၀၀ ကျော်ကို ခိုလှုံရာနေရာများသို့ ရွှေ့ပြောင်းပေးထားသည်ဟု ကိုကီဒွန်က ပြောကြားခဲ့သည်။ အနည်းဆုံး ၁၁ ဦးသည်  ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့သည်ဟုဆို သည်။

“လေပြင်းတွေ၊ ခြောက်သွေ့တဲ့ မိုးလေဝသ၊ မြူခိုးတွေဟာ မီးသတ်ဖို့ကြိုးပမ်းတာတွေကို အဟန့်အတား ဖြစ်စေပါတယ်”ဟု ၎င်းက ဘေးအန္တရာယ်နှင့်ဘေးကင်းရေးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

“အစိုးရက ရနိုင်တဲ့ အရင်းအမြစ်အား လုံးကို အသုံးပြုနေပါတယ်။ ဒီနေ့မှာဆိုရင် ရဟတ်ယာဉ် ၁၁၀ စင်းနဲ့လူ ၆၇၀၀ ကျော်ကို အသုံးပြုသွားမှာဖြစ်ပါတယ်”ဟု ၎င်းက ဖြည့် စွက် ပြောကြားခဲ့သည်။တောင်ကိုရီးယားမီးသတ် သမားများသည် နိုင်ငံ၏အရှေ့တောင်ပိုင်းတွင် ပြင်းပြင်းထန်ထန်လောင်နေသော တောမီးများကို ထိန်းချုပ်ရန်အခက်အခဲများ ကြုံနေရသည်ဟု ဆိုသည်။

ယူအီဆေယုံတွင် ကောင်းကင်သည် မီး ခိုးများ၊ မြူများဖြင့် ပြည့်နေသည်ကို အေအက် ဖ်ပီသတင်းထောက် များက တွေ့ခဲ့သည်။ အရပ်ထဲက ဘုန်းကြီးကျောင်းရှိ အလုပ်သမားများက သမိုင်းဝင် ရှေးဟောင်းပစ္စည်းများ ကို ရွှေ့ပြောင်းရန်ကြိုးစားနေပြီး ဗုဒ္ဓရုပ်ပွားတော်များ ထိခိုက်ပျက်စီးမှုမရှိစေရန် အကာ အကွယ်များ လုပ်နေကြသည်။

ယူအီဆေယုံတွင် တောမီးထိန်းချုပ်မှုနှုန်းသည် မတ်လ ၂၅ ရက်နံနက်ပိုင်းတွင် ၆၀ ရာခိုင်နှုန်းမှ ၅၅ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့သည်ဟု ကိုရီးယားသစ်တောဌာနက ပြောကြားခဲ့သည်။

တောမီးများကို ငြိှမ်းသတ်ရန် မီးသတ်သမား ၆၇၀၀ ကျော်ကို အသုံးပြုနေသည်ဟု ပြည်ထဲရေးနှင့် ဘေးကင်းရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ထိုအထဲက မီးသတ်သမား ငါးပုံနှစ်ပုံကို ယူအီဆေယုံသို့ ပို့ထားသည်ဟု ဆိုသည်။

နိုင်ငံတစ်ဝှမ်း၌ တစ်ပြိုင်တည်းလောင်နေသော တောမီးများကြောင့်ဖြစ်ပေါ်သည့်  ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုများရှိနေခြင်းနှင့်အတူ အစိုးရက ဒေသလေးခုတွင် အရေးပေါ်အခြေအနေ ကြေညာထားသည်။

ပြင်းထန် မိုးလေဝသပုံစံအချို့သည် အပူလှိုင်းများသို့မဟုတ် မိုးသည်းထန်ခြင်းတို့လို ရာသီဥတုပြောင်းလဲမှုနှင့် ခိုင်ခိုင်မာမာ ဆက်စပ်နေသည်။

တောမီးများ၊ မိုးခေါင်ခြင်းများ၊ နှင်းမုန်တိုင်းများ၊ အပူပိုင်းမုန်တိုင်းများလို အခြားသောဖြစ်စဉ်များသည် ရှုပ်ထွေးသောအကြောင်းရင်းများ ပေါင်းစပ်မိခြင်းမှ ဖြစ်ပေါ်လာနိုင်သည်။                                 

Ref;AFP

Most Read

Most Recent