ဖိလစ်ပိုင်၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲနှင့်ပတ်သက်ပြီး တာဝန်ယူမည်ဟု သမ္မတဟောင်း ဒူတာတေး ပြောကြား

ဖိလစ်ပိုင်၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲနှင့်ပတ်သက်ပြီး တာဝန်ယူမည်ဟု သမ္မတဟောင်း ဒူတာတေး ပြောကြား
ဖိလစ်ပိုင်၏ မူးယစ်ဆေးဝါးတိုက်ဖျက် ရေးစစ်ပွဲနှင့်ပတ်သက်ပြီး တာဝန်ယူရန် ပြင်ဆင်ထားကြောင်း သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်၏ မူးယစ်ဆေးဝါးတိုက်ဖျက် ရေးစစ်ပွဲနှင့်ပတ်သက်ပြီး တာဝန်ယူရန် ပြင်ဆင်ထားကြောင်း သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးက ပြောကြားခဲ့သည်။
Published 13 March 2025

နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC)က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲနှင့် ပတ်သက်သည့်စွဲချက်များကို ရင်ဆိုင်စေရန်  ဒူတာတေးအား မတ် ၁၂ ရက်က ထိန်းသိမ်းထားချိန်တွင် ဒူတာတေးက ထိုကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။

ဒူတာတေးသည်  လူပေါင်းသောင်းချီသေဆုံးစေခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များက ခန့်မှန်းခဲ့သည့် မူးယစ်စစ်ပွဲအတွင်း လူသားမျိုးနွယ်အားဆန့်ကျင်သည့် ရာဇဝတ်မှု၊ သွယ်ဝိုက်ပြီး ကြံရာပါအဖြစ်ပါဝင်ပတ် သက်မှုတို့ဖြင့် တရားစွဲဆိုရန် ကျိုးကြောင်းညီညွတ်သည့် အကြောင်းပြချက်များရှိသည်ဟု ICC က ယူဆထားသည်။

“တရားဥ ပဒေစိုးမိုးရေးနဲ့ စစ်တပ်ကို  ကျွန်တော်ကဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ခင်ဗျားတို့ကို ကာကွယ်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါတွေအားလုံးအတွက် ကျွန်တော်တာဝန်ယူသွားမှာပါ”ဟု ဒူတာတေးက ၎င်း၏ အကြံပေးပုဂ္ဂိုလ်တစ်ဦး၏ Facebook Page များတွင် တင်ထားသည့် ဗီဒီယိုထဲတွင် ပြောကြားခဲ့သည်။

“အဲဒါဟာ ကျွန်တော့်လုပ်ခဲ့တာဖြစ်တာကြောင့် ကျွန်တော်ပဲ တာဝန်ယူမယ်လို့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ကို ကျွန်တော်ပြောခဲ့ဖူးပါတယ်”ဟု အသက် ၇၉ နှစ်အရွယ် ဒူတာတေးက ပြောကြားခဲ့သည်။

ဒူတာတေးသည် ICC ၏ တရားခွင်တွင်  ထွက်ပေါ်လာမည့် ပထမဆုံး အာရှခေါင်း ဆောင်ဟောင်းတစ်ဦးဖြစ်လာခဲ့သည်။

ဒူတာတေးသည် နယ်သာလန်နိုင်ငံ ရော့တာဒမ်လေဆိပ်သို့ ပုဂ္ဂလိကဂျက်လေ ယာဉ်တစ်စင်းဖြင့်ရောက်ရှိလာခဲ့ပြီးနောက် သည်ဟိဂ်မြို့ရှိ ICC တွင် ထိန်းသိမ်းခံခဲ့ရကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုခဲ့သည်။

ဒူတာတေးအား ခေါ်ဆောင်သွားသည်ဟု ယူဆရသည့် ကားတစ်စီးသည် သည်ဟိဂ်မြို့ရှိ ICC ထိန်းသိမ်းရေးစင်တာအတွင်းသို့ မောင်းဝင်သွားချိန်တွင် ဒူတာတေးကိုထောက်ခံသူများက ဖိလစ်ပိုင်အလံများကို ကိုင်ဆောင်ဝှေ့ယမ်းခဲ့ကြပြီး ဒူတာတေးအား ပြန်လွှတ်ရန် အော်ဟစ်တောင်းဆိုသူအချို့လည်းရှိခဲ့သည်။

“တရားမျှတတဲ့လုပ်ငန်းစဉ်မရှိပါဘူး။ ဒါကပြန်ပေးဆွဲတာပါ။ သူ့(ဒူတာတေး)ကို လေယာဉ်ပေါ်တင်ပြီး ဒီကိုခေါ်လာခဲ့ကြတာလေ”ဟု ဒူတာတေးကို ထောက်ခံသူတစ်ဦးဖြစ်သည့် ဒတ်စ်ကွီဘင်က ပြောကြားခဲ့သည်။

မြောက်ပင်လယ် ကမ်းရိုးတန်းအနီးတွင် တည်ရှိသည့် အဆိုပါထိန်းသိမ်းရေးစင်တာတွင် ထိန်းသိမ်းခံရသူများသည် ကွန်ပျူတာများထည့်ပေးထားသည့် ကိုယ်ပိုင်အခန်းများနှင့် နေထိုင်ရပြီးအခန်း၏ အပြင်ဘက်တွင်လည်း ကိုယ်လက်လှုပ်ရှားသည့်လေ့ကျင့်ခန်းနေရာများ ပါရှိသည်။

ဒူတာတေးသည် တရားခွင်သို့ မရောက်ရှိမီအချိန်အထိ ထိုထိန်းသိမ်းရေးစင်တာတွင် ရက်အနည်းငယ်ကြာ နေထိုင်ရဖွယ်ရှိသည်။

ဒူတာတေးကို တိုင်ကြားသည့် မူးယစ်စစ်ပွဲတွင် နစ်နာသူများကို ကိုယ်စားပြုသည့် ICC ရှေ့နေ ဂီလ်ဘတ် အန်ဒရီစ်ကမူ ဒူတာတေးကို ဖမ်းဆီးမှုသည် နိုင်ငံတကာပြစ်မှုဆိုင်ရာတရားစီရင်မှုအတွက် ကြီးမားသည့် လက္ခဏာတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။                                   

Ref: AFP

Most Read

Most Recent