မက္ကဆီကိုနိုင်ငံက ဖမ်းဆီးထားသည့် မူးယစ်ရာဇာများနှင့် သံသယရှိသူများကို အမေရိကန်သို့ လွှဲပြောင်းအပ်နှံ

မက္ကဆီကိုနိုင်ငံက ဖမ်းဆီးထားသည့် မူးယစ်ရာဇာများနှင့် သံသယရှိသူများကို အမေရိကန်သို့ လွှဲပြောင်းအပ်နှံ
Published 28 February 2025

မက္ကဆီကိုနိုင်ငံသည် ဖမ်းဆီးအကျဉ်းချထားသည့် မူးယစ်ရာဇာများအပါးအဝင် သံသယရှိသူ ၂၉ ဦးကို ဖေဖော်ဝါရီ ၂၇ ရက် က အမေရိကန်သို့ လွှဲပြောင်းအပ်နှံခဲ့သည်။

အမေရိကန်သို့ လွှဲပြောင်းအပ်နှံခဲ့သည့် မူးယစ်ရာဇာများအနက် နာမည်ဆိုးဖြင့်ကျော်ကြားသည့် မူးယစ်ရာဇာ သုံးဦးပါဝင်ခဲ့သည်။

ပထမမူးယစ်ရာဇာသည် ရာဖေး ကာရိုကွင်တာရိုဖြစ်ပြီး ၁၉၈၅ ခုနှစ်က အမေရိကန် ဆေးဝါးအုပ်ချုပ်ရေးအာ ဏာပိုင်အဖွဲ့ဖြစ်သည့် DEA အထူးအေးဂျင့် အန်းနရစ် ကီကီကာမာရီနာကို ပြန်ပေးဆွဲမှု၊ ညှင်းပန်းနှိပ် စက်မှုတို့ဖြင့် အမေရိကန်က ဖမ်းဆီးရန် ဆယ်စုနှစ်နှင့်ချီ အလိုရှိနေသူတစ်ဦးဖြစ်သည်။

အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်သည့် ကွင်တာရိုသည် အဆိုပါ လူသတ်မှုတွင် ပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုခဲသည်။

သူသည် ၂၀၂၂ ခုနှစ်က မက္ကဆီကိုနိုင်ငံတွင် ဖမ်းဆီးမခံခဲ့ရသည့် အချိန်အထိ FBI ၏ အလိုအရှိဆုံး ဝရမ်းပြေး ၁၀ ဦးစာရင်းတွင် ပါဝင်ခဲ့သည်။

ထို့နောက် အမေရိကန်က ၎င်းအား ဖမ်းဆီးရမိရန် သတင်းပေးသူကို ဒေါ်လာသန်း ၂၀ ချီးမြှင့်မည်ဟု ဆုငွေထုတ်ခဲ့ပြီး ယင်းဆုငွေပမာဏသည် အမေရိကန်က မက္ကဆီကို မူးယစ်မှောင်ခိုကူးသူ တစ်ဦးအတွက် အမြင့်ဆုံးဆုငွေထုတ်မှုဖြစ်သည်။

သူသည် ယခုဖျက်သိမ်းလိုက်ပြီးဖြစ်သည့် Guadalajara မူးယစ်ဆေးဝါးဂိုဏ်းကို ပူးတွဲတည်ထောင်ခဲ့သူ ဖြစ်သည်။

ဒုတိယတစ်ဦးမှာ Zetas မူးယစ်ဆေးဝါးဂိုဏ်း၏ အကြီးအကဲဖြစ်သည့် မီဂူယ် အိန်ဂျယ် ထရီဗီနို မိုရာလက်စ်ဖြစ်သည်။

Z-40 ဟု လူသိများသည့် မိုရာလက်စ်သည် မက္ကဆီကို၏ အင်အားအကြီးဆုံးနှင့် ထိတ်လန့်စရာအကောင်းဆုံး မူးယစ်ဆေးဝါးဂိုဏ်းကို ဦးဆောင်ခဲ့သူဖြစ်သည်။

၎င်းတို့အဖွဲ့ကို ရက်စက်ကြမ်းကြုတ်သည့် မက္ကဆီကို အထူးတပ်ဖွဲ့မှ ထွက်ပြေးလာသည့် တပ်ပြေးများဖြင့် ထူထောင်ခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းက Gulf မူးယစ်ဆေးဝါးဂိုဏ်းကို ကာကွယ်ပေးခဲ့သော်လည်း ၂၀၁၀ ပြည်နှစ်တွင် နှစ်ဖွဲ့ကွဲကာ Zetas ဂိုဏ်းသည်  မူးယယစ်ဆေးဝါး မှောင်ခိုကူးမှုကို ကိုယ်တိုင်လုပ်ကိုင်ခဲ့သည်။

အမေရိကန်အစိုးရကလည်း ၎င်းကို ဆုငွေ ၅ သန်း ထုတ်ခဲ့ဖူးသည်။

နောက်ဆုံးတစ်ဦးမှာ Z-42 ဟု လူသိများသည့် မီဂူရယ် အိန်ဂျယ်၏ ညီဖြစ်သူ အိုမာထရီဗီနို် မိုရာလက်စ် ဖြစ်သည်။

၂၀၁၃ ခုနှစ် ဇူလိုင်လက အစ်ကိုဖြစ်သူ မီဂူရယ် အိန်ဂျယ်ကို မက္ကဆီကိုနိုင်ငံ အရှေ့မြောက်ပိုင်းတွင် မရိန်းတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့ပြီးနောက် အိုမာသည် Zetas မူးယစ်ဆေးဝါးဂိုဏ်းကို ဆက်လက် ဦးဆောင်ခဲ့သည်။

သူသည် မက္ကဆီကိုနိုင်ငံတွင် အန္တရာယ်အများဆုံး ရာဇဝတ်သားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ကြောင်း မက္ကဆီကို အစိုးရ ရှေ့နေချုပ်ရုံး၏ စုံစမ်းစစ်ဆေးရေးအရာရှိ တိုမက်စ်ဇီရွန်က ပြောကြားခဲ့သည်။

အိုမာက သူသည် လူပေါင်း ၁၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၎င်း၏ အစ်ကိုဖြစ်သူ မီဂူရယ်သည် လူပေါင်း ၂၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ၂၀၁၀ ပြည့်နှစ်က ဒလန်တစ်ဦးကို သတိပေးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်က မက္ကဆီကိုတွင် ဖမ်းဆီးခံခဲ့ရသည့် အိုမာ (၅၁ နှစ်) ကို အမေရိကန် အစိုးရက ၎င်း၏ အစ်ကို ကဲ့သို့ ဆုငွေ ဒေါ်လာ ၅ သန်း ထုတ်ခဲ့ဖူးသည်။

Ref:AFP

                                             

Most Read

Most Recent