
စပိန်နိုင်ငံ ဗလန်စီယာမြို့တွင် အုပ်ချုပ်ရေးမှူး ကားလို့စ်မာဇွန်ကို အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် ရေလွှမ်းမိုးမှုအား ကိုင်တွယ်လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး ရာထူးမှ နုတ်ထွက်ရန် မတ် ၁ ရက်က လူပေါင်းသောင်းချီ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
စပိန်တွင် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး သဘာဝ ဘေးအန္တရာယ်ဖြစ်သည့် ရေဘေးကြောင့် လူ ၂၃၂ ဦးသေဆုံးခဲ့ပြီး ၎င်းတို့ထဲမှ ၂၂၄ ဦးသည် ဗလန်စီယာအရှေ့ပိုင်းမှ ဖြစ်သည်။
ထိုရေကြီးမှုဖြစ်ပွားခဲ့ပြီးနောက် လေးလကျော်ကြာသည့်တိုင် စိတ်တိုဒေါသဖြစ်မှုများနှင့် စိတ်မကောင်းမှုများ ဆက်လက်ဖြစ်ပေါ် ခံစားလျက်ရှိသည်။
သမဂ္ဂနှင့် အရပ်ဘက်လူမှုရေး အဖွဲ့အစည်းပေါင်း ဒါဇင်ကျော်က တောင်းဆိုသည့် ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူများသည် မာဇွန်နှုတ်ထွက်ဟု ကြွေးကြော်ချီတက်ခဲ့ကြသည်။
ဗလန်စီယာ၏ ဗဟိုအစိုးရရုံး ထုတ်ပြန်ချက်အရ ဆန္ဒထုတ်ဖော်သူ ၃၀၀၀၀ ဝန်းကျင်ရှိသည်ဟု ဆိုသည်။
မာဇွန်ဦးဆောင်ပြီး အရေးပေါ်စီမံခန့်ခွဲမှု လုပ်ဆောင်ခဲ့သော်လည်း လူအများစုက ယင်းသည် ကောင်းမွန်စွာ လုံလောက်မှုမရှိခဲ့ဟု ယူဆထားကြသည်။
ရွှံ့ရေများ ဒေသတစ်ဝန်း ဖုံးလွှမ်းခဲ့ပြီး ရေဘေးသင့်ဒေသခံအများစုသည် ရက်ပေါင်းများစွာကြာ အစားအစာ၊ ရေ နှင့် လျှပ်စစ်ဓာတ်အားပြတ်လတ်ခဲ့ပြီးနောက်မှ ဒေသခံများ၏ တယ်လီဖုန်းများသို့ ရေဘေးသတိပေးချက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။