တရုတ်(တိုင်ပေ)နှင့် ပြန်လည်ပေါင်းစည်းရေးကို ပြတ်သားစွာလုပ်ဆောင်သွားမည်ဟု တရုတ်ဝန်ကြီးချုပ် လီချင် ပြောကြား

တရုတ်(တိုင်ပေ)နှင့် ပြန်လည်ပေါင်းစည်းရေးကို ပြတ်သားစွာလုပ်ဆောင်သွားမည်ဟု တရုတ်ဝန်ကြီးချုပ် လီချင် ပြောကြား
မတ် ၅  ရက်က ပေကျင်းမြို့တော်သည့် ပြည်သူ့မဟာခမ်းမဆောင်တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်လီချင်က မိန့်ခွန်းပြောကြားနေစဉ်(Photo: AFP)
မတ် ၅  ရက်က ပေကျင်းမြို့တော်သည့် ပြည်သူ့မဟာခမ်းမဆောင်တွင် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်လီချင်က မိန့်ခွန်းပြောကြားနေစဉ်(Photo: AFP)
Published 6 March 2025

တရုတ်(တိုင်ပေ)နှင့် ပြန်လည်ပေါင်း စည်းရေးကို ပြတ်သားစွာလုပ်ဆောင်သွားမည်ဟု တရုတ်ဝန်ကြီးချုပ်လီချင်က မတ် ၅ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်(တိုင်ပေ)အရေးတွင် ပြည်ပ၏ကြားဝင်စွက်ဖက်မှုကို ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် တရုတ်နိုင်ငံ အားသစ်လောင်းမှုအခြေအနေကို တရုတ်( တိုင်ပေ)ဒေသခံများ နားလည်သဘောပေါက်စေရေးအတွက် လုပ် ဆောင်ရန် ကြိုးပမ်းနေကြောင်း လီက ပြောကြားခဲ့သည်။

တရုတ်သည် တရုတ်(တိုင်ပေ)ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ်ကြေညာထားပြီး တရုတ်(တိုင်ပေ)အစိုးရကမူ ထိုကြေညာချက်ကို ငြင်းဆိုထားသည်။

မကြာသေးမီနှစ်များအတွင်းကလည်း တရုတ်သည် တရုတ်(တိုင်ပေ)ကျွန်းအနီးတွင် အကြီးစား စစ်ရေးလေ့ကျင့်မှုများအပါအဝင် စစ်ရေးလှုပ်ရှားမှုများနှင့်အတူ တရုတ်(တိုင်ပေ)အပေါ်ဖိအားများ တိုးမြင့်ခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ တရုတ်ရဲ့ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်ကို ခိုင်မာစွာ ဆက်လက်ဆောင်ရွက်သွားမှာပါ။ ပြီးတော့တရုတ်တိုင်ပေမှာရှိတဲ့ ကျွန်တော်တို့ရဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်နိုင်ငံရဲ့အား သစ်လောင်းတဲ့ ဂုဏ်ယူစရာကောင်းတဲ့ အကြောင်းတရားကိုနားလည်စေဖို့ လုပ်ဆောင် သွားမှာပါ”ဟု လီက တရုတ်လွှတ်တော်သို့ တင်ပြသည့် ၎င်း၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ရေးသားခဲ့သည်။

ပြီးခဲ့သည့်နှစ်က လီ၏အစီရင်ခံစာတွင် ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေးကို ထပ်တလဲလဲပြောကြားခဲ့သော လည်း ယခင်အစီရင်ခံစာများကဲ့သို့ ‘ငြိမ်းချမ်းစွာ’ ဆိုသည့် စကားလုံးကို ချန်လှပ်ခဲ့ပြီး ‘ပြတ်သားစွာ’ ဆိုသည့် အသုံးအနှုန်းကို အလေးထားဖော်ပြခဲ့သည်။

ယခုနှစ်အစီရင်ခံစာတွင်လည်း လီသည် ၎င်း၏ ပြီးခဲ့သည့်နှစ်က အစီရင်ခံစာကဲ့သို့ပင် အသုံးအနှုန်းများကို ပြောင်းလဲခဲ့ခြင်းမရှိခဲ့ပေ။

တရုတ်သည် တရုတ်(တိုင်ပေ)နှင့် ပြန်လည်ပေါင်းစည်းရေးကို အစဉ်တစိုက် ပြောဆိုလာခဲ့ပြီး ထိုင်ဝမ်လွတ်လပ်ရေးအတွက် လှုပ်ရှားနေသည့် ခွဲထွက်ရေးလှုပ်ရှားမှုများကို ပြတ်သားစွာတုံ့ပြန်သွားမည်ဟု မကြာခဏ ပြောကြားခဲ့သည်။သို့သော် ထိုင်ဝမ်ရှိ တရုတ်နိုင်ငံသား များအနေဖြင့် တရုတ်နိုင်ငံသွေးသစ်လောင်း မှုကို ကူညီရန် ယခင်နှစ်က အစီရင်ခံစာထဲတွင် ဖော်ပြခဲ့ခြင်းမရှိပေ။

တရုတ်(တိုင်ပေ)သမ္မတ လိုင်ချင်တယ်ကမူ တရုတ်(တိုင်ပေ)အရေးကို တရုတ်(တိုင်ပေ) ဒေသခံများကသာ ဆုံးဖြတ်နိုင်ကြောင်း ပြောကြားူခဲ့သည်။

လိုင်သည် တရုတ်ပြည်မကြီးနှင့် ဆွေးနွေးပွဲများပြုလုပ်ရန် မကြာခဏကမ်းလှမ်းခဲ့သော်လည်း တရုတ်အစိုးရက ၎င်း၏ ကမ်းလှမ်းချက်များကို ပယ်ချခဲ့သည်။

ထို့ပြင် တရုတ်အစိုးရက လိုင်ကို အန္တရာယ်များသည့် ခွဲထွက်ဝါဒီတစ်ဦးအဖြစ် သတ်မှတ်ထားသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် လက်ထက်သည် တရုတ်နိုင်ငံမှ တင်ပို့သည့် ကုန်စည်များကို အခွန်များတိုးမြှင့်ကောက်ခံမှုနှင့်အတူ တရုတ်နိုင်ငံအပေါ် ဖိအားများ တိုးမြှင့်နေချိန်တွင် တရုတ်နှင့် အမေရိကန်အကြား ပထဝီနိုင်ငံရေးတင်းမာမှုများမြင့်တက်နေချိန်တွင်  တရုတ်ကလည်း တရုတ်(တိုင်ပေ) အရေးကိစ္စတွင် ပြည်ပ၏ကြားဝင်စွက်ဖက်မှုများကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်(တိုင်ပေ)အစိုးရ၏ တရုတ်အရေး မူဝါဒချမှတ်မှုနှင့် နီးစပ်သည့် ထိပ်သီးအရာရှိတစ်ဦးကမူ တရုတ်(တိုင်ပေ)အပေါ်ထားရှိသည့် တရုတ်အစိုးရ၏ သဘောထားသည် သိသိသာသာပြောင်းလဲခြင်းမရှိ ကြောင်း တရုတ်သည် အမေရိကန်နှင့် စီးပွားရေးနှင့် ဆက်ဆံရေးကို ဦးစားပေးကိစ္စတွင်ထားရှိကြောင်း ပြောကြားခဲ့သည်။

Ref: Reuters

Most Read

Most Recent