Newtopia ဇွန်ဘီးဇာတ်လမ်းတွဲမှ ဂျီဆူး၏ သရုပ်ဆောင်ချက်များကို ပရိသတ်ကဝေဖန်နေပြီး ဂီတကိုသာ အာရုံစိုက်လုပ်ရန် တိုက်တွန်းနေ

Newtopia ဇွန်ဘီးဇာတ်လမ်းတွဲမှ ဂျီဆူး၏ သရုပ်ဆောင်ချက်များကို ပရိသတ်ကဝေဖန်နေပြီး ဂီတကိုသာ အာရုံစိုက်လုပ်ရန် တိုက်တွန်းနေ
Published 10 February 2025

မင်းသားပတ်ဂျောင်မင်နှင့် တွဲဖက်သရုပ်ဆောင်ထားသည့်   Newtopia ဇွန်ဘီး ဒရာမာရုပ်သံဇာတ်လမ်းတွဲမှ အဆိုတော်ဂျီဆူး၏ သရုပ်ဆောင်ချက်များကို ပရိသတ်က သဘောမကျဖြစ်နေကြပြီး ဂီတဘက်တွင်သာ အာရုံစိုက်လျှောက်လှမ်းရန် တိုက်တွန်းနေကြသည်။

အွန်လိုင်းဖိုရမ်တစ်ခုတွင် ပရိသတ်များက ဂျီဆူးအား သရုပ်ဆောင်ခြင်းထက် အဆိုတော်အလုပ်ကိုသာ ဆက်လုပ်ရန် အကြံပြုနေကြခြင်းဖြစ်သည်။ဇာတ်လမ်းထဲက သူ့ရဲ့ အသံထွက်က အတော်ဆိုးတာပဲသရုပ်ဆောင်ဖြစ်ဖို့ သူ့မှာပါရမီမပါဘူးပဲနောက်ထပ်သရုပ်မဆောင်ပါနဲ့တော့စသဖြင့် ပရိသတ်က ဝေဖန်ရေးလုပ်နေကြသည်။

ဂျီဆူးကိုအားပေးကြသည့် ယောကျ်ားလေးပရိသတ်အများစုရှိရာ အွန်လိုင်းဖိုရမ်များ၌ပင် ယခုဂျီဆူး၏ Newtopia မှသရုပ်ဆောင်ချက်များကို စိတ်ပျက်သည့်လေသံများ ထွက်လာကြသည်။

အဆိုတော်ဘဝမှ မင်းသမီးဖြစ်လာသည့် ဟေးရီ မင်းသားချာအွန်ဝူးတို့တုန်းကပင် အစပိုင်း၌ ခေါင်းဆောင်ဇာတ်ရုပ်များမရိုက်ကူးခဲ့ဘဲ၊ နောက်မှပါမောဖန့်များက ပိုသဘာဝကျတိုးတက်လာသည်ကို ပရိသတ်များက ထောက်ပြနေကြကာ ဂျီဆူးကဘာကြောင့် သရုပ်ဆောင်နယ်ပယ်သို့စဝင်ဝင်ချင်း ခေါင်းဆောင်မင်းသမီးနေရာမှ ရိုက်ကူးသလဲဆိုသည်ကို မေးခွန်းထုတ်နေကြသည်။

အရည်အချင်းရှိတဲ့ Blackpink အဖွဲ့ ဝင်တွေကြားထဲ သူမသိမသာနေလို့ရတယ်။ ခုသရုပ်ဆောင်လုပ်တော့ အားလုံးပေါ်ကုန်ပြီ “ Snowdrop တုန်းကလည်း ခေါင်းဆောင်မင်းသားရဲ့ ပရိသတ်တွေက ဇာတ် လမ်းတွဲမအောင်မြင်မှာစိုးလို့ ကာကွယ်ပေးခဲ့ကြတယ်။ဒီတစ်ခါတော့ ဖုံးဖို့မဖြစ်နိုင်တော့ဘူးဟု ပရိသတ်က ထောက်ပြနေကြသည်။

Newtopia တွင်ပတ်ဂျောင်မင်က စစ်သားလီဂျယ်ယွန်းအဖြစ် ဂျီဆူးက ၎င်းင်း၏ချစ်သူယောင်ဂျူးအဖြစ် မြင်ရမည်။ ဆိုးလ်တွင်ဇွန်ဘီးများလွှမ်းမိုးသွားပြီး ချစ်သူနှစ်ဦးတစ်ဦးကိုတစ်ဦးလိုက်ရှာကြပုံကို ဇာတ်လမ်း ဆင်ထားသည်။

Newtopia ကို ဖေဖော်ဝါရီ ရက်တွင် Coupang မှ စတင်ပြသလိုက်ပြီး အက်ရှင်ဇာတ်ဝင်ခန်းများ ရိုက်ကူးရန် အက်ရှင်သင်တန်းကျောင်းတက်လိုက်ရသေးသည်ဟု ဂျီဆူးက ဖွင့်ဟခဲ့သည်။

Most Read

Most Recent