မန်ယူနိုက်တက်က ကွင်းအတွင်းစွမ်းရည်သာညံ့ဖျင်းနေတာမဟုတ်ဘဲ ကွင်းပြင်ပလုပ်ပုံကိုင်ပုံတွေကလည်း အထင်ကြီးစရာမရှိဘူး။ ပြိုင်ဘက်တွေရှိန်နေရမယ့် တိုက်စစ်မှူးမျိုးမရှိချိန်မှာ မန်ယူနိုက်တက်က တိုက်စစ်အစုအဖွဲ့ထဲက တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးနေတယ်။ တိုက်စစ်မှူးလိုအပ်ချက်ကို ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ ကာလမှာ မဖြည့်နိုင်ခဲ့ဘူး။ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ငြိမှာစိုးလို့ ထိပ်တန်းအဆင့်ကစားသမားတွေ အပြီးသတ်မခေါ် နိုင်ဘူးဆိုလည်း အငှားခေါ်တာမျိုး ဘာလို့ မလုပ်နိုင်ခဲ့တာလဲ။ အာမိုရင်မ်ကိုယ်တိုင်လည်း တိုက်စစ်ကစားသမားတစ်ဦး မျှော်လင့်ခဲ့ပါလိမ့်မယ်။ ရပ်ရှ်ဖို့ဒ်နဲ့ သံတမန်ဆက်ဆံရေးပြိုကွဲပြီးနောက် အာမိုရင်မ်အတွက် တိုက်စစ်ကစားသမားတစ်ဦး အရေးတကြီးလိုအပ်ခဲ့တာပါ။ ဟွိုင်လန်းနဲ့ဇက်ဇီ က သုံးစားမရလို့ မိန်နူးကို False 9 ကစားခိုင်းတဲ့အထိ အာမိုရင်မ်အရဲစွန့်ခဲ့ပါတယ်။ အဲဒီလိုအရဲစွန့်ပေမယ့် မအောင်မြင်ခဲ့တာ အာမိုရင်မ်ရဲ့အပြစ် မဟုတ်သလို၊ မိန်နူးရဲ့အားနည်းချက်ကြောင့်လည်း မဟုတ်ဘူး။ အထက်ကလူတွေ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ပါ။ မန်ယူနိုက်တက်မှာ အဲဒီရောဂါစွဲကပ်နေတာ ကြာပါပြီ။ ဂလေဇာမိသားစုလက်ထက်က ဆိုးမွေဟာ အခုဆာဂျင်မ်ရက်ကလစ်ဖ် ဖြေရှင်းလို့မနိုင်သေးဘူး။
အထင်ကြီးစရာမရှိတော့တဲ့ မန်ယူ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















