ရူဘင်အာမိုရင်မ်နှင့် အိပ်မက်များ၊ ရည်မှန်းချက်များအကြောင်း (၁)

ရူဘင်အာမိုရင်မ်နှင့် အိပ်မက်များ၊ ရည်မှန်းချက်များအကြောင်း (၁)
Photos: AFP
Photos: AFP
Published 5 February 2025
Chan Myae

မန်ယူနိုက်တက်အသင်းဟာ ဆာအဲလက်စ် ဖာဂူဆန်ထွက်ခွာခဲ့ပြီးချိန်ကတည်းက ထိပ်တန်းနည်းပြအတော်များများရောက်လာကြပေမယ့် အောင်မြင်မှုတွေနဲ့ အလှမ်းကွာနေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ အသင်းပိုင်ရှင်တွေဘက်က နောက်တစ်ကြိမ်အတွက် ရွေးချယ်လိုက်တဲ့သူက စပို့တင်းလစ္စဘွန်း အသင်းကို ဝေးကွာနေတဲ့ အောင်မြင်မှုတွေ ပြန်လည်ရရှိလာအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ လူငယ်နည်းပြတစ်ဦးဖြစ်တဲ့ ရူဘင်အာမိုရင်မ်ပါ။ ဒါပေမဲ့ အာမိုရင်မ်ကရော ဒီအလုပ်ကို တကယ်လုပ်နိုင်ပါ့မလား၊ သူဟာ အခြေအနေဆိုးတွေကနေ ရှင်သန်လွတ်မြောက်လာအောင် ကယ်တင်နိုင်မယ့်သူလား၊ ရှေ့နည်းပြအဆက်ဆက်လိုပဲ ကျရှုံးသွားမှာလားဆိုတာက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒါပေမယ့် သေချာတာက သူက သူ့နည်းသူ့ဟန်နဲ့ အောင်မြင်မှုတွေဆီကို သွားဖို့အတွက် ကြိုးစားနေမယ့်သူပါ။ တင်းမာသူ၊ ပြတ်သားသူ၊ ထက်မြက်သူ၊ ကစားသမားဘဝမှာ လူဆိုးဖြစ်ခဲ့ဖူးသူတစ်ဦးပါ။

 

Most Read

Most Recent