ရူဘင်ဒီယက်စ်ရဲ့ ချစ်သက်သေ

ရူဘင်ဒီယက်စ်ရဲ့ ချစ်သက်သေ
Photos: Goal & Instagram
Photos: Goal & Instagram
Published 8 January 2025
WY

မန်စီးတီးနောက်ခံလူ ရူဘင်ဒီယက်စ်ကတော့ ဒဏ်ရာကြောင့် ဒဏ်ရာကြောင့် အနားယူနေရချိန်ကို အကျိုးရှိရှိအသုံးချခဲ့တယ်လို့ ဆိုရမလားပဲ။ ပြီးခဲ့တဲ့ နှစ်သစ်ကူးကာလမှာ ချစ်သူအသစ်နဲ့အတူ အီဘစ်ဇာကျွန်းမှာ ဖြတ်သန်းခဲ့တယ်လေ။ ရူဘင်ဒီယက်စ်က ကြွက်သားဒဏ်ရာကြောင့် ဒီဇင်ဘာလဝက်လောက်ကတည်းက အနားယူနေခဲ့ရတာပါ။ ဇန်နဝါရီ(၁၅)လောက်မှာမှ ပြန်ကစားနိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒီတော့ သူက နာမည်ကျော် အပန်းဖြေအနားယူရာ နေရာတစ်ခုတစ်ခုဖြစ်တဲ့ အီဘစ်ဇာကျွန်းကို သွားခဲ့ပါတယ်။ နေဝင်ချိန် Sunset ကို ကောင်မလေးတစ်ယောက်နဲ့အတူ ငေးကြည့်နေတဲ့ပုံကို Instagram မှာ တင်ခဲ့ပါတယ်။ ဒီတော့ ပရိသတ်တွေက အဲဒါ မာယာဂျာမာနဲ့အတူ ရှိခဲ့တာ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ရူဘင်ဒီယက်စ်က သူ့ရဲ့ အချစ်သစ်ကို အတည်ပြုချပြလိုက်ခြင်းပါပဲ။

 

Most Read

Most Recent