အက်စ်ပန်ညို - အိုဆာဆူနာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် ည ၇:၃၀ နာရီ)
အိုဆာဆူနာက ဒီရာသီမှာ ခံစစ်လျော့ပေမဲ့ တိုက်စစ်ပို ကောင်းလာတာ တွေ့ရတယ်။ အက်စ်ပန်ညိုက အိမ်ကွင်းတော့ ခံကစားနိုင်တာကို တွေ့ရတယ်။ ဒါပေမဲ့ အိုဆာဆူနာက ဒီရာသီမှာ ကွင်းမရွေးတာကြောင့် အက်စ်ပန်ညို သတိထားရမယ်။ သရေပွဲလောက်ပဲ မှန်းထားချင်တယ်။
မာယော့ကာ - ဂျီရိုနာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် ည ၉:၄၅ နာရီ)
ဂျီရိုနာက ချန်ပီယံလိဂ်ဘက်မှာ အာရုံပိုများနေတယ်။ လာလီဂါမှာ ပုံမှန်ခြေစွမ်းမရဘူး ဖြစ်နေတယ်။ ခံစစ်ပိုင်းကလည်း အခြေအနေအတော်ဆိုးနေလို့ အိမ်ကွင်းအားကောင်းတဲ့ မာယော့ကာလို အသင်းကို အနိုင်ရဖို့ မလွယ်ဘူး။ မာယော့ကာနဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။
ဆီဗီလာ - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် ည ၁၂:၀၀ နာရီ)
ဆယ်လ်တာနဲ့တွေ့တိုင်း ဆီဗီလာ အနိုင်ရဖို့ ခက်လေ့ရှိတယ်။ ဆယ်လ်တာက ဒီရာသီမှာ အိမ်ကွင်းမဆိုးလှပေမဲ့ အဝေးကွင်းမှာ ခံစစ်ကစားပုံ အားနည်းသေးတယ်။ တိုက်စစ်ကောင်းပေမဲ့ ခံစစ်မလုံလို့ ဂိုးသွင်းအားတက်နေတဲ့ ဆီဗီလာကို ထိန်းချုပ်ရခက်သွားနိုင်တယ်။ ဆီဗီလာသာ ခံစစ်ကို ပိုသတိထားနိုင်ရင် ဆယ်လ်တာကို နိုင်အောင် ကစားနိုင်မှာပါ။ ဂိုးနည်းမယ်။
ဗယ်လက်ကာနို - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် နံနက် ၂:၃၀ နာရီ)
ရီးယဲလ်အနေနဲ့ ဘာစီလိုနာကို အမီပြန်လိုက်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခံမယ် မထင်ဘူး။ ရီးယဲလ်က လာလီဂါမှာ အနိုင်ရသင့်တဲ့ အသင်းကို အနိုင်ရအောင်တော့ ကစားနေနိုင်သေးတယ်။ အခု ရင်ဆိုင်ရမယ့် ဗယ်လက်ကာနိုကလည်း ရီးယဲလ်နဲ့ အင်အားချင်း သိသိသာသာကွာနေသလို၊ ဒီရာသီ ခြေစွမ်းအားဖြင့်လည်း သာမန်လောက်ပဲ ရှိနေတယ်။ ဒါကြောင့် နောက်ဆုံး တွေ့ခဲ့တဲ့ (၂) ပွဲစလုံး ရီးယဲလ်ကို သရေခံကစားခဲ့တဲ့ အသင်းလိုမဟုတ်တော့ဘူး။ ဒါပေမဲ့ ဗယ်လက်ကာနိုက အိမ်ရှင်ဖြစ်နေတာ၊ ရီးယဲလ်ကလည်း ချန်ပီယံလိဂ်ပွဲ ဂယက်ရိုက်ခတ်မှု ရှိနေနိုင်တာတွေ ထည့်တွက်ရမယ်။ အဲဒီအချက်တွေကို စဉ်းစားကြည့်မယ်ဆိုရင် ရီးယဲလ်အတွက် လွယ်လွယ်အမှတ် ရနိုင်မယ့်ပွဲမျိုးတော့ မဟုတ်လောက်ဘူး။ ရီးယဲလ် ပွတ်ကာသီကာ အနိုင်ရသွားမယ် ထင်တယ်။















