ဘယ်တော့မှ မရိုးတဲ့ စိန်ခေါ်ပွဲ

ဘယ်တော့မှ မရိုးတဲ့ စိန်ခေါ်ပွဲ
Photos: AFP
Photos: AFP
Published 4 December 2024
Wai Yan Aung

ဒီနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုသက်တမ်းကတော့ နှစ်ပေါင်း ၁၃၀ ရှိပါပြီ။ ဒါပေမဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်ခဲ့တာကတော့ အာစင်ဝင်းဂါးနဲ့ ဖာဂူဆန်တို့လက်ထက် ၁၉၉၀ နှောင်းပိုင်းနဲ့ ၂၀၀၀ ခုနှစ်အစောပိုင်းတွေမှာပါ။ ပရီးမီးယားလိဂ်ချန်ပီယံဆုကို နှစ်သင်းအပြိုင်လုခဲ့ရချိန်တွေဖြစ်ပါတယ်။ နောက်ပိုင်းမှာ ချယ်လ်ဆီးအသင်း အင်အားကောင်းလာခဲ့သလို၊ ဒီဘက်ခေတ်မှာ မန်စီးတီးအသင်း စိုးမိုးလာခဲ့ပြီး မန်ယူနဲ့ အာဆင်နယ်တို့ရဲ့ စိန်ခေါ်နိုင်မှုက လျော့ကျသွားခဲ့ပါတယ်။ မန်ယူအသင်းက ဖာဂူဆန်လိုနည်းပြမျိုး ပြန်ရနိုင်ဖို့ အခုထက်ထိ ရှာဖွေနေရဆဲ ဖြစ်သလို၊ အာဆင်နယ်ကလည်း ပလ္လင်ပေါ် ပြန်မရောက်သေးပါဘူး။ ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် နှစ်သင်းထိပ်တိုက်ဆုံတွေ့ချိန်မှာ အနိုင်ယူချင်ကြတဲ့စိတ်ကတော့ နှစ်ဖက်ပရိသတ်တွေရဲ့ စိတ်ထဲမှာ ထုနဲ့ထည်နဲ့ ကိန်းအောင်းနေဆဲပါ။ ဒီတော့ နှစ်ဖက်အသင်းနည်းပြတွေနဲ့ ကစားသမားတွေအတွက်လည်း အနိုင်ကစားရမယ်၊ ရှုံးလို့မဖြစ်ဘူးဆိုတဲ့ တွန်းအားတွေ ဖြစ်တည်လာပါတယ်။

 

Most Read

Most Recent