ရိုဒရီ မကစားနိုင်တော့ရင်.....

ရိုဒရီ မကစားနိုင်တော့ရင်.....
Photo : Getty Images
Photo : Getty Images
Published 26 September 2024
Wai Yan Aung

စက်တင်ဘာ ၂၄ အထိတော့ ရိုဒရီ အနားယူရမယ့် အချိန်အတိအကျကို မသိရသေးပါဘူး။ ဒါပေမဲ့ ကာလရှည်အနားယူရမှာကတော့ သေချာပါတယ်။ ရိုဒရီရဲ့ ညာဘက်ဒူးဒဏ်ရာက ခွဲစိတ်ကုသမှု ခံယူသွားရမှာဖြစ်ပြီး ခွဲစိတ်ပြီးမှပဲ တိကျတဲ့အဖြေကို သိရမှာပါ။ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ လောလောဆယ် ခန့်မှန်းထားကြတဲ့ အချိန်ကာလထက်လျော့နည်းဖို့ မျှော်လင့်နေပါတယ်။ လက်ရှိအချိန်မှာ ကျွမ်းကျင်သူအားလုံးနီးပါး ခန့်မှန်းထားကြတာကတော့ မန်စီးတီးအသင်းအနေနဲ့ စပိန်ကွင်းလယ်ကစားသမား ရိုဒရီကို တစ်ရာသီလုံး အနားပေးရတော့မယ်ဆိုတာပါပဲ။

 

Most Read

Most Recent