■ ပွဲဆက်များခြင်းနဲ့ ကစားသမားတွေဆီက လာမယ့်အသံ

■ ပွဲဆက်များခြင်းနဲ့ ကစားသမားတွေဆီက လာမယ့်အသံ
Photo: Getty Images
Photo: Getty Images
Published 26 September 2024
Chan Myae

ပြီးခဲ့တဲ့ရာသီတုန်းက မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကစားပြီး နှစ်ရက်ခွဲကာလမျှအချိန်အတွင်းမှာ FA ဖလား ဆီမီးဖိုင်နယ်ကို ဆက်ကစားရလို့ ပွဲစဉ်ဇယားရေးဆွဲမှုတွေအပေါ် အပြင်းအထန် ဝေဖန်ခဲ့ဖူးတယ်။ ပင်ပန်းနွမ်းလျနေတဲ့ ကစားသမားတွေကိုမသုံးဘဲ အနားရထားသူတွေ သုံးလို့ရသားပဲလို့ တုံ့ပြန်နိုင်ပေမဲ့ ဒါက အခြားကိစ္စရပ်တစ်ခုဖြစ်ပြီး ပွဲစဉ်တွေ အလွန်အမင်း ကျပ်ညပ်နေတာကတော့ ပိုအရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်တယ်။ ပွဲစဉ်တွေက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကျပ်ညပ်ပြွတ်သိပ်နေရတဲ့ကြားထဲ အခုရာသီမှာ ပွဲတွေက ပိုများဖို့ဖန်လာခဲ့တယ်။ ဒါက ကစားသမားတွေရဲ့ ကျန်းမာရေးအတွက် များစွာသော သက်ရောက်မှုရှိတယ်။

 

Most Read

Most Recent