ကျဆင်းနေသော စီးပွားရေးကို ဆွဲတင်မည့် ထိုင်းအစိုးရသစ်၏ မူဝါဒများ

ကျဆင်းနေသော စီးပွားရေးကို ဆွဲတင်မည့် ထိုင်းအစိုးရသစ်၏ မူဝါဒများ
Published 17 September 2024
ဖြိုးဟိန်းကျော်

ထိုင်းနိုင်ငံ၏ စီးပွားရေးအပေါ် စိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ယခင်ဝန်ကြီးချုပ်၏ စီမံချက်အများအပြားကို ဆက်လက်ဖော်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်သစ် ပယ်ထုံထန်ရှင်နာဝပ်က ပါလီမန်၌ အဖွင့်မိန့်ခွန်းပြောကြားစဉ်အတွင်း ကတိပြုခဲ့သည်။

ပယ်ထုံထန်သည် နိုင်ငံရေးမရေရာမှုများ တဝဲလည်လည် ရှိနေခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်နေသော အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေး အင်အားအကြီးဆုံး ထိုင်းနိုင်ငံကို ဦးဆောင်ရမည်ဖြစ်သည်။

          လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက် ဆက်နွယ်မှုကြောင့် ပြစ်ဒဏ်ကျခံရဖူးသူ တစ် ဦးအား အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် ခန့် အပ်ခဲ့ခြင်းကြောင့် ကျင့်ဝတ်သိက္ခာပိုင်း ချိုးဖောက်မှု စွပ်စွဲချက်ဖြင့် ထိုင်းတရားရုံးက ဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်းကို ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် အာဏာရ ဖြူထိုင်းပါတီ ခေါင်းဆောင်လည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ အငယ်ဆုံးသမီးလည်း ဖြစ်သည့် ပယ်ထုံထန်သည် ပါလီမန်မဲခွဲဆုံး ဖြတ်မှုအတွင်း လိုအပ်သော ထောက်ခံမဲ အရေအတွက်ကို ရရှိခဲ့ပြီးနောက် သြဂုတ် ၁၆ ရက်တွင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

          ပေထုံထန်သည် လွှတ်တော်အမတ်ဦး ရေ ၄၉၃ ဦးအနက် ၃၁၉ ဦး၏ ထောက်ခံမဲကို ရရှိခဲ့ပြီး ဝန်ကြီးချုပ်အဖြစ် အတည်ပြုခန့် အပ်ရန် လိုအပ်သော မဲအရေအတွက်ထက် ကျော်လွန်ရရှိခဲ့ကြောင်း နှစ်နာရီနီးပါးကြာ မြင့်သော မဲခွဲဆုံးဖြတ်မှုအပြီးတွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဝမ်မိုဟာမက် နူအာမာသာ က ကြေညာခဲ့သည်။

          ကွန်ဆာဗေးတစ်ဝါဒီ အထက်လွှတ် တော်အမတ်များက ယမန်နှစ် အထွေထွေရွေး ကောက်ပွဲတွင် လွှတ်တော်၌ အမတ်နေရာ အများဆုံး ရရှိခဲ့သော တိုးတက်ပြောင်းလဲရေး ၀ါဒီ Move Forward  ပါတီမှ အဆိုပြုသော ဝန်ကြီးချုပ်လောင်းအား ထောက်ခံအတည်ပြု ရန် ငြင်းဆန်ခဲ့ပြီးနောက် ဖြူထိုင်းပါတီက အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းကာ ဆရီထာ က ဝန်ကြီးချုပ်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

          ထိုင်းနိုင်ငံအနေဖြင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်နေရစဉ် ၎င်းင်း၏အစိုးရသစ်က အိမ်ထောင်စုကြွေးမြီ များပြားခြင်း၊ လူနေမှုစရိတ် မြင့်တက်ခြင်းနှင့် ဝင်ငွေထွက်ငွေကွာဟမှု ကြီးမားသည့် ပြဿ နာများအား အပူတပြင်း ကိုင်တွယ်ဆောင် ရွက်ကာ ထိုင်းပြည်သူများ၏ မျှော်လင့်တောင့် တချက်များကို အမြန်ဆုံး ပြန်လည်ဆောင် ကြဉ်းပေးမည်ဟု ပယ်ထုံထန်က စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

          အစိုးရသစ်က အရေးတကြီး ဆောင်ရွက် သွားမည့် စီမံချက်များအနက် အိမ်ထောင်စု ကြွေးမြီ လျော့ကျရေး၊ ဓာတ်အားခ၊ ဓာတ်ဆီ နှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက် နေမှုကို လျှော့ချရေး၊ ခရီးသွားလုပ်ငန်းအား မြှင့်တင်ရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ နည်းပညာအသစ်များ အသုံးပြုရေး စသည့် စီမံချက်များ ပါဝင်လျက်ရှိသည်။

          အစိုးရအနေဖြင့် တရားမဝင် စီးပွားရေး လုပ်ငန်းများကို တရားဝင်ခွင့်ပြုကာ အခွန် ကောက်ခံခြင်းဖြင့် အခွန်ဘဏ္ဍာများ တိုးမြှင့် ရှာဖွေမည်ဟု ပယ်ထုံထန်က ဆိုသည်။ ၎င်းင်းက မည်သည့်လုပ်ငန်းများဖြစ်သည်ကို အသေး စိတ်ပြောဆိုခဲ့ခြင်း မရှိသော်လည်း ဖျော်ဖြေ ရေးလုပ်ငန်းများတွင် ပိုမိုတွင်ကျယ်လာကာ အခွန်ဘဏ္ဍာ အမြောက်အမြားရှာဖွေနိုင်မည့် ကာစီနိုလောင်းကစားရုံများကို ရည်ညွှန်းပြော ဆိုခဲ့ပုံရသည်။

          ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနက အဆို တင်သွင်းသည့် ဥပဒေမူကြမ်းအရ ဟိုတယ်၊ ကွန်ဗင်းရှင်းစင်တာ၊ ရှော့ပင်းမော သို့မဟုတ် အပန်းဖြေဥယျာဉ်ကဲ့သို့ အခြားလုပ်ငန်းများ တွဲဖက်ဖွင့်လှစ်ထားသော အဆောက်အအုံ ဝင်းအတွင်း ကာစီနိုရုံဖွင့်လှစ်ခြင်းကို ခွင့်ပြု သွားမည်ဖြစ်ကာ အဆိုပါ ကာစီနိုရုံများသို့ အသက် ၂၀ နှစ်အောက် လူငယ်များကို ဝင် ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။ ထိုကာ စီနိုရုံများအား နိုင်ငံခြားသားများအတွက် ဖွင့် လှစ်မည်ဖြစ်ကာ ထိုင်းနိုင်ငံသားများအနေဖြင့် ဝင်ကြေး ဘတ် ၅ç၀၀၀ ပေးဆောင်ရမည်ဟု ထိုဥပဒေကြမ်းတွင် ဖော်ပြထားသည်။

          အထူးသဖြင့် အွန်လိုင်းပလက်ဖောင်း များ၌ အပါအဝင် ပြည်ပစီးပွားရေးလုပ်ငန်းများနှင့် မမျှမတ ယှဉ်ပြိုင်ရခြင်းမှ အသေးစား စီးပွားရေးလုပ်ငန်းများကို အစိုးရက အကာ အကွယ်ပေးမည်ဖြစ်ကြောင်း ပယ်ထုံထန်က ဆိုသည်။ တရုတ်နိုင်ငံမှ စျေးနှုန်းချိုသာသော ကုန်ပစ္စည်းများ အလုံးအရင်းဝင်ရောက်လာမှု အပေါ် စိုးရိမ်မှုများ တိုးလာကြောင်း ထိုင်း ပြည်တွင်းမှ စက်မှုလုပ်ငန်း အဖွဲ့အစည်းများ က ထုတ်ဖော်ပြောဆိုထားပြီး ယင်းအခြေအ နေသည် ပြည်တွင်းထုတ်လုပ်မှု လုပ်ငန်းများ ၏ ရောင်းအားကို ထိခိုက်စေသည်ဟု ၎င်းင်းတို့ က ဆိုသည်။

          ဒစ်ဂျစ်တယ် ငွေကြေးဖြင့် ဘတ် ၁၀,၀၀၀ ထောက်ပံ့မည့် ဝန်ကြီးချုပ်ဟောင်း ဆရီထာ၏ “Digital Wallet” အစီအစဉ်အား ဆက်လက်ဖော်ဆောင်မည်ဟု ပါလီမန်၌ ပြောကြားခဲ့သည့် မူဝါဒဆိုင်ရာ မိန့်ခွန်းတွင် ပယ်ထုံထန်က ပြောကြားခဲ့သော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။ အသက် ၁၆ နှစ်နှင့်အထက် ထိုင်းပြည်သူ အားလုံးကို ငွေကြေးထောက်ပံ့မည်ဟု ယမန် နှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်က ကတိ ပြုခဲ့သည့် ၎င်းင်းအစီအစဉ်အား အကောင်အ ထည်ဖော်ရာတွင် ဝင်ငွေနည်း၍ အရေးတ ကြီး အကူအညီလိုအပ်နေသော အုပ်စုများကို အဓိကဦးစားပေးမည်ဟု ပယ်ထုံထန်၏ အစိုး ရသစ်မှ တာဝန်ရှိသူများက ဆိုသည်။

          ဝင်ငွေနည်းပါးသူများအား စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလထဲတွင် အဆိုပါ ထောက်ပံ့ငွေအား တစ်လုံးတစ်ခဲတည်း ပေး အပ်မည်ဖြစ်ကာ အခြားခံစားခွင့်ရှိသူများကိုမူ ယခုနှစ်နှောင်းပိုင်းမှစ၍ အရစ်ကျပေးအပ် ရန် စီစဉ်ထားသည်။

          ဆေးခြောက်သုံးစွဲမှုအား တရားမဝင် ကြောင်း ပြန်လည်သတ်မှတ်မည်ဟု ကတိပြု ထားသော ဝန်ကြီးချုပ်ဟောင်း ဆရီထာ၏ လမ်းစဉ်မှခွဲထွက်လျက် ပယ်ထုံထန်က ၎င်းင်း၏အစိုးရသည် စီးပွားရေးကို မြှင့်တင်နိုင်မည့် နည်းလမ်းတစ်ရပ်အဖြစ် ဆေးခြောက်အား ဆေးဘက်ဆိုင်ရာအရ သုံးစွဲမှုကို ထောက် ခံမည်ဖြစ်ကာ ယင်းနှင့်ဆက်စပ်နေသော လူ မှုရေးဆိုင်ရာ သက်ရောက်မှုများကိုလည်း စည်းမျဉ်းများဖြင့် ထိန်းချုပ်လျှော့ချမည်ဟု ဆိုသည်။

          ၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံတွင် ဆေး ခြောက်သုံးစွဲမှုအား တရားဝင်ခွင့်ပြုခဲ့သော် လည်း ဆေးဘက်ဆိုင်ရာ အသုံးပြုမှုအတွက် သာ ရည်ရွယ်ခြင်းဖြစ်သည်။ လက်တွေ့တွင်မူ ၎င်းင်းစျေးကွက်အား စည်းမျဉ်းများဖြင့် ထိန်း ချုပ်မှု မရှိသလောက်နီးပါးဖြစ်နေကာ အပန်း ဖြေသုံးစွဲသူများအတွက် ဆေးခြောက်ရောင်း ချသည့် လက်လီဆိုင်များလည်း တစ်ဟုန်ထိုး များပြားလာခဲ့သည်။

          အထူးသဖြင့် လူငယ်များအကြား ဆေး ခြောက်အလွန်အကျွံသုံးစွဲခြင်းနှင့် ကျန်းမာ ရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် လူထုအကြား ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး နောက် ယမန်နှစ်ရွေးကောက်ပွဲ မဲဆွယ်စဉ်က ပယ်ထုံထန်၏ ဖြူထိုင်းပါတီနှင့် အခြားပါတီ များသည် ဆေးခြောက်သုံးစွဲမှုအား ပိတ်ပင် မည့် အစီအမံများကို ပြန်လည်လုပ်ဆောင် မည်ဟု ကတိပြုခဲ့သည်။ သို့ရာတွင် ထိုင်းအစိုး ရက ဇူလိုင်လထဲတွင် ရုတ်တရက် သဘော ထားပြောင်းလဲသွားသည့် လက္ခဏာကို ပြသ ခဲ့သည်။

          အစိုးရသစ်အနေဖြင့် ရာသီဥတုပြောင်း လဲမှုအား ကိုင်တွယ်ဖြေရှင်းရေး၊ ပညာရေး အဆင့်အတန်းနှင့် ပြည်သူတစ်ရပ်လုံးကို လွှမ်းခြုံသော ကျန်းမာရေးစောင့်ရှောက်မှု စနစ်တို့ကို မြှင့်တင်ရေး၊ ပို၍ဒီမိုကရေစီ နည်း လမ်းကျသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ကို မူကြမ်းရေးဆွဲရေး၊ ဗျူရိုကရေစီစနစ်နှင့် စစ်တပ်အား ပြုပြင်ပြောင်းလဲရေးတို့ကိုလည်း ရေရှည်အားဖြင့် ဆက်လက်ဆောင်ရွက်သွား မည်ဟု ပယ်ထုံထန်က ဆိုသည်။

          ထိုင်းနိုင်ငံသည် ဆယ်စုနှစ်တစ်ခုနီးပါး စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရောက် ရှိခဲ့ပြီးနောက် ပြီးခဲ့သည့်နှစ်တွင် ကျင်းပခဲ့ သည့် အထွေထွေရွေးကောက်ပွဲ ရလဒ်သည် အပြောင်းအလဲများအတွက် ခိုင်ခိုင်မာမာ ထောက်ခံအားပေးမှုကို ပြသလျက်ရှိသည်။ ၂၀၀၆ ခုနှစ်နောက်ပိုင်း အာဏာသိမ်းမှု နှစ် ကြိမ် လုပ်ဆောင်ထားသည့် သြဇာကြီးမား သော နိုင်ငံရေးပလေယာဖြစ်သည့် ထိုင်းစစ် တပ်အား အသွင်ပြောင်းလဲရေးသည် ဖြူထိုင်း ပါတီ၏ မဲဆွယ်ရေးကာလ မူဝါဒလမ်းစဉ်များ ထဲတွင် ပါဝင်နေသော်ငြားလည်း အာဏာရရှိ ပြီးနောက် စစ်တပ်ထောက်ခံသော ပါတီများ နှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့ပြီးနောက်ပိုင်း ဖြူ ထိုင်းပါတီက ယင်းကတိနှင့်ပတ်သက်၍ တိ တိပပ ပြောဆိုခြင်းမရှိတော့ပေ။

          ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ဝန် ကြီးချုပ်နှင့် ဒုတိယမြောက် အမျိုးသမီးဝန် ကြီးချုပ် ဖြစ်လာခဲ့သည့် ပယ်ထုံထန် အာ ဏာရရှိလာခြင်းသည် ၎င်းင်း၏ဖခင်ဖြစ်သူ သက်ဆင် စတင်ပျိုးထောင်ခဲ့သည့် နိုင်ငံရေး မျိုးဆက် ပြန်လည်ဦးမော့ အသက်ဝင်လာခြင်း ကို ကိုယ်စားပြုလျက်ရှိသည်။ ဆက်သွယ်ရေး လုပ်ငန်းရှင် ဘီလျံနာတစ်ဦးဖြစ်သည့် သက် ဆင်သည် ၂၀၀၁ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရသော်လည်း ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုအတွင်း ရာထူးမှဖြုတ်ချ ခံခဲ့ရသည်။

          ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်နှင့် အဒေါ်ဖြစ်သူ ယင်လက်ရှင်နာဝပ်တို့ နောက် ပိုင်း ၃၈ နှစ်အရွယ် ပယ်ထုံထန်သည် လွန်ခဲ့ သော ၂၃ နှစ်အတွင်း ထိုင်းဝန်ကြီးချုပ်ရာထူး ကို ရယူနိုင်ခဲ့သော ရှင်နာဝပ် နိုင်ငံရေးမျိုး ဆက်၏ တတိယမျိုးဆက်ဖြစ်သည်။ သက် ဆင်၏ ယောက်ဖဖြစ်သူ ဆွန်ချိုင်းဝေါင်ဆာ ဝပ်သည်လည်း ၂၀၀၈ ခုနှစ်က ဝန်ကြီးချုပ် အဖြစ် ခေတ္တတာဝန်ယူခဲ့ဖူးသည်။

          သက်ဆင်သည် ယနေ့ထက်တိုင် အလွန် သြဇာကြီးသော နိုင်ငံရေးသမားတစ်ဦးအဖြစ် ဆက်ရှိနေကာ လက်တွေ့သဘောအရ ဖြူ ထိုင်းပါတီ၏ ခေါင်းဆောင်အဖြစ်လည်း ရှု မြင်ခံထားရသည်။ သက်ဆင်၏ ပါတီအပေါ် လွှမ်းမိုးထားဖွယ်ရှိခြင်းကြောင့်လည်း ဖြူထိုင်း ပါတီသည် ပြင်ပမှ ပုဂ္ဂိုလ်တစ်ဦး၏ ချုပ်ကိုင်မှု ကို ခွင့်ပြုထားသည်ဟုဆိုကာ ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားမှု အပါအဝင် အ ငြင်းပွားစရာ အခြေအနေများကို ဖြစ်ပေါ်စေ ခဲ့သည်။

          ၂၀၀၆ ခုနှစ်တွင် သက်ဆင် ရာထူးမှ ဖြုတ်ချခံရပြီးနောက် ထိုင်းစစ်တပ်သည် ထိုင်း လူ့အဖွဲ့အစည်းအတွင်းမှ ကွန်ဆာဗေးတစ် အင်အားစုများနှင့် ပူးပေါင်းကာ သက်ဆင်၏ နိုင်ငံရေးယန္တရား တစ်ကျော့ပြန် အသက်ဝင် လာခြင်းမရှိအောင် ဟန့်တားရန် ကြိုးပမ်းခဲ့ သည်။ သက်ဆင်အား ရာထူးမှဖြုတ်ချခဲ့ခြင်း သည် ထိုင်းနိုင်ငံ၏ လမ်းမများ၊ တရားရုံးများ နှင့် မဲရုံများ၌ ၎င်းင်းအားထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား နှစ်ပေါင်းများစွာ လွန်ဆွဲအားပြိုင်မှုများကို ပေါ်ပေါက်စေခဲ့ သည်။                                           

 

       Ref: AP

Most Read

Most Recent