MMA နှင့် လက်ဝှေ့နှစ်ခုစလုံး ဆက်လက်ထိုးသတ်မည်ဟု နာမည်ကျော်တိုက်ခိုက်ရေးကစားသမားဖြစ်သူ အန်ဂန်နူ အတည်ပြု

MMA နှင့် လက်ဝှေ့နှစ်ခုစလုံး ဆက်လက်ထိုးသတ်မည်ဟု နာမည်ကျော်တိုက်ခိုက်ရေးကစားသမားဖြစ်သူ အန်ဂန်နူ အတည်ပြု
Photo: Punch Newspaper
Photo: Punch Newspaper
Published 31 August 2024

 

နာမည်ကျော်တိုက်ခိုက်ရေးကစားသမားဖြစ်သူ ဖရန်စစ်အန်ဂန်နူက လက်ဝှေ့နှင့် MMA အားကစားနည်း နှစ်ခုစလုံး ဆက်လက်ထိုးသတ်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ BBC Sport နှင့် တွေ့ဆုံမှုတွင် ၎င်းက MMA ကို မည်သည့်အခါမျှ စွန့်ခွာ မည်မဟုတ်ကြောင်းနှင့် လက်ဝှေ့သမားဘဝကို ဆက်သွားရန်အတွက် တံခါးမပိတ်ထားကြောင်း ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

အန်ဂန်နူအနေဖြင့် ၂၀၂၂ ဇန်နဝါရီလနောက်ပိုင်း ပထမဆုံး MMA ပွဲစဉ်အဖြစ် အောက်တိုဘာ(၁၉)ရက်၌ PFL Super Fight: Battle of the Gaints ခေါင်းစဉ်အောက်တွင် ဘရာဇီးလ်အားကစားသမား ရေနန် ဖယ်ဟေရာနှင့် ထိုးသတ်မည်ဖြစ်သည်။ အသက်(၃၇)နှစ်ရှိ အန်ဂန်နူ သည် ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းမှ လက်ရှိအထိ ကြားကာလအတွင်း တိုင်ဆန်ဖျူ ရီနှင့် အန်သိုနီဂျိုရှူအာစသည့် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီဟောင်း နှစ်ဦးနှင့် ထိုးသတ်ခဲ့ပြီး နှစ်ပွဲစလုံး အရေးနိမ့်ခဲ့သည်။ 

ကင်မရွန်း-ပြင်သစ်အားကစားသမား အန်ဂန်နူက သူ့အား ဖယ်ဟေရာနှင့်ထိုးသတ်မည့်ပွဲကို MMA တစ်ကျော့ပြန်ပွဲဟု မသုံးနှုန်းရန်လည်း တောင်းဆိုခဲ့သည်။ "ကျွန်တော်ဟာ MMA ကနေ ဘယ်သောအခါမှ မ ထွက်ခွာခဲ့ပါဘူး။ လက်ဝှေ့ကနေလည်း မထွက်ခွာပါဘူး။ ကျွန်တော့်အနေနဲ့ MMA ကို ပြန်လာတာလည်း မဟုတ်သလို၊ ဘယ်တော့မှလည်း စွန့်ခွာသွားမှာ မဟုတ်ပါဘူး။ ဒါက ရှုပ်ထွေးမှုတော့ ရှိပါတယ်"ဟု အန်ဂန်နူက BBC Sport  သတင်းဌာနသို့ ပြောကြားခဲ့သည်။ 

အန်ဂန်နူသည် MMA ပွဲ ၂၀ ထိုးသတ်ရာတွင် သုံးပွဲသာ အ ရေးနိမ့်ခဲ့ပြီး ၁၂ ပွဲကို အလဲထိုး အနိုင်ယူထားခဲ့သည်။ အသက် ၃၄ နှစ်ရှိပြီဖြစ်သူ ဖယ်ဟေရာမှာမူ သူ၏ MMA နိုင်ပွဲ ၁၃ ပွဲတွင် ၁၁ ပွဲ ကို အလဲထိုးအနိုင်ရရှိခဲ့သည်။ အန်ဂန်နူသည် UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း တစ်ဦးဖြစ်ပြီး သူ၏ MMA ကစားသမားဘဝနှင့်အတူ လက်ဝှေ့ပွဲများ ထိုးသတ်လိုသောကြောင့် UFC နှင့် လမ်းခွဲခဲ့ခြင်းဖြစ်သည်။ 

၎င်းအနေဖြင့် ၂၀၂၃ ခုနှစ် မေလက UGC ၏ပြိုင်ဘက်အဖွဲ့အစည်းဖြစ်သည့် PFL လက်အောက်တွင် ထိုးသတ်မည်ဟု ကြေညာခဲ့ပြီးနောက်  တိုင်ဆန်ဖျူရီ၊ ဂျိုရှူအာတို့နှင့် ပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲ နှစ်ပွဲကို ဆက်တိုက်ထိုးသတ်ခဲ့သည်။