ဟာလန်းလား ဒါမှမဟုတ် အသစ်တစ်ယောက်လား

ဟာလန်းလား ဒါမှမဟုတ် အသစ်တစ်ယောက်လား
Photo : Getty Images
Photo : Getty Images
Published 19 August 2024
Wai Yan Aung

PFA ရဲ့အကောင်းဆုံးကစားသမား ဆုပေးပွဲကို သြဂုတ် ၂၀ အင်္ဂါနေ့(ယနေ့) ကျင်းပတော့မှာပါ။ PFA ဆိုတာက ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း(Professional Footballer's Association)ဖြစ်ပြီး PFA ရဲ့ အကောင်းဆုံးဆုဆိုတာက ကစားသမားတွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ် ချီးမြှင့်တဲ့ဆုပါ။ ဒါကြောင့် PFA အကောင်းဆုံးဆုလို့ အလွယ်ခေါ်နေကြပေမဲ့ PFA အဖွဲ့ဝင် ကစားသမားတွေက ရွေးချယ်တဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုဆိုမှ ပြည့်စုံမှာပါ။ ၁၉၇၃-၇၄ ရာသီမှာ စတင်ချီးမြှင့်ခဲ့တာကြောင့် စုစုပေါင်းအကြိမ် ၅၀ ချီးမြှင့်ခဲ့ပြီးပါပြီ။ ဒီဆုကို ကစားသမား ၄၃ ဦးက ရယူနိုင်ခဲ့ပြီး ၇ ဦးကတော့ နှစ်ကြိမ်စီ ရယူနိုင်ခဲ့ပါတယ်။ ၂၀၂၃-၂၄ ရာသီအတွက် ဆန်ခါတင် ၆ ဦးစာရင်းမှာ ပါဝင်နေသူတွေက ဟာလန်း၊ ရိုဒရီ၊ ဖိုဒန်(မန်စီးတီး)၊ အော်ဒီဂွါ(အာဆင်နယ်)၊ ပါလ်မာ(ချယ်လ်ဆီး) နဲ့ ဝက်ကင်စ်(အက်စတွန်ဗီလာ)တို့ပါ။ ဟာလန်းကလွဲရင် ကျန်တဲ့ကစားသမားတွေ က PFA အကောင်းဆုံးဆု မရဖူးကြပါဘူး။ ဒါကြောင့် ဟာလန်းပဲ PFA အကောင်းဆုံးဆုကို နှစ်ရာသီဆက် ရယူသွားနိုင်မလား၊ အသစ်တစ်ယောက်ပဲ ပေါ်ထွက်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

 

Most Read

Most Recent