ဟန်ဆီဖလစ်ခ်အတွက် တိုက်စစ်ဝှက်ဖဲလား

ဟန်ဆီဖလစ်ခ်အတွက် တိုက်စစ်ဝှက်ဖဲလား
Photo : Getty Images
Photo : Getty Images
Published 5 August 2024
Phoe Thar

"သူ (ပါအူဗစ်တာ)နဲ့ပတ်သက်ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ သေချာတာကတော့ သူ (ပါအူဗစ်တာ)ဟာ အသင်းကြီးရဲ့ကစားသမားတစ်ဦးအဖြစ် ဆက်ရှိနေမယ်ဆိုတာပါပဲ"လို့ ဘာစီလိုနာအသင်းရဲ့ ဂျာမန်လူမျိုးနည်းပြ ဟန်ဆီဖလစ်ခ်က ရီးယဲလ်မက်ဒရစ်နဲ့ခြေစမ်းပွဲမှာ အသင်းအတွက်သွင်းဂိုး (၂)ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ပါအူဗစ်တာနဲ့ပတ်သက်ပြီးချီးကျူး ပြောကြားခဲ့တယ်။ အသက် (၂၂)နှစ်အရွယ်သာရှိသေးတဲ့ ပါအူဗစ်တာဟာ နည်းပြဟန်ဆီဖလစ်ခ်လက်ထက် ဘာစီလိုနာ (B)အသင်းကနေ အသင်းကြီးထံ ခေါ်ယူစာချုပ်ထားတဲ့ ကစားသမားဖြစ်ပြီး အသင်းရဲ့ ရာသီကြို အမေရိကန်ခြေစမ်းခရီးစဉ်မှာ သွင်းဂိုး (၃)ဂိုးနဲ့အတူ နည်းပြ၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေရဲ့ ယုံကြည်မှုကိုရယူနိုင်ခဲ့သူပါ။

 

Most Read

Most Recent