အာဆင်နယ်ကစားသမား စမစ်ရိုး ဖူလ်ဟမ်သို့ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိ

အာဆင်နယ်ကစားသမား စမစ်ရိုး ဖူလ်ဟမ်သို့ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိ
Photo: Daily Mail
Photo: Daily Mail
Published 31 July 2024

 

အာဆင်နယ်အသင်းမှ ကွင်းလယ်တိုက်စစ်ကစားသမား စမစ်ရိုးသည် ဖူလ်ဟမ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

အသက် ၂၃ နှစ်အရွယ်ရှိ စမစ်ရိုး၏ ပြောင်းရွှေ့ကြေးမှာ ပေါင် ၂၇ သန်းနှင့် Add-ons ကြေးမှာ ပေါင် ခုနစ်သန်းဖြစ်ကြောင်း BBC Sport က ဖော်ပြခဲ့သည်။ 

စမစ်ရိုးအနေဖြင့် ဖူလ်ဟမ်အသင်း သမိုင်းတစ်လျှောက် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်လာမည် ဖြစ်ပြီး Add-ons ကြေးမှာ ဖူလ်ဟမ်အသင်း ၏ ဖလားနှင့် ဥရောပပြိုင်ပွဲများအပေါ် မူတည်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ 

အာဆင်နယ်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်သူ စမစ်ရိုးအနေဖြင့် အာဆင်နယ်အသင်းနှင့်အတူ အမေရိကခရီးစဉ်ကို လိုက်ပါလာသော်လည်း အပြောင်းအရွှေ့ကိစ္စများကြောင့် ပြီးခဲ့သည့် ဘုန်းမောက်၊ မန်ယူနှင့် ခြေစမ်းပွဲနှစ်ပွဲကို ပါဝင်ကစားခြင်း မရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent