ဆော်ဒီပရိုလိဂ်၌ စီရော်နယ်လ်ဒို လစာအများဆုံးရရှိနေပြီး ဘန်ဇီမာနှင့် နေမာထက် (၂)ဆပိုများ

ဆော်ဒီပရိုလိဂ်၌ စီရော်နယ်လ်ဒို လစာအများဆုံးရရှိနေပြီး ဘန်ဇီမာနှင့် နေမာထက် (၂)ဆပိုများ
Photo: Cristiano Ronaldo X
Photo: Cristiano Ronaldo X
Published 25 July 2024

နာမည်ကျော် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင် လစာအများဆုံးရရှိသည့်ကစားသမားအဖြစ် ရပ်တည်နေပြီး ဒုတိယနေရာတွင် ပူးတွဲရပ်တည်နေကြသည့် ဘန်ဇီမာနှင့် နေမာတို့ထက် (၂) ဆပိုများနေကြောင်း သိရှိရသည်။

အသက် (၃၉) နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ၂၀၂၃ ဇန်နဝါရီတွင် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသို့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့သည်။

အယ်လ်နာဆာအသင်းသို့ စီရော်နယ်လ်ဒို ရောက်ရှိလာပြီးနောက် ဆော်ဒီပရိုလိဂ်ကလပ်အသင်းများသည် ကမ္ဘာကျော်ကစားသမားများကို ခေါ်ယူခဲ့သည်။

Capology က လာမည့် ၂၀၂၄-၂၅ ရာသီ ဆော်ဒီပရိုလိဂ်၌ လစာအများဆုံးရကစားသမား (၁၀)ဦးကို ဖော်ပြခဲ့ရာ အယ်လ်နာဆာတိုက်စစ်မှူး စီရော်နယ်လ်ဒိုက တစ်နှစ်လစာ ယူရိုသန်း (၂၀၀) ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေပြီး ဒုတိယနေရာတွင် တစ်နှစ်လစာ ယူရိုသန်း (၁၀၀)စီ ဖြင့် ပူးတွဲရပ်တည်နေကြသည့် အယ်လ်အစ်တီဟတ်တိုက်စစ်မှူး ဘန်ဇီမာနှင့် အယ်လ်ဟီလာတိုက်စစ်မှူး နေမာတို့ထက် (၂) ဆပိုများနေခြင်းဖြစ်သည်။

စတုတ္ထနေရာတွင် အယ်လ်အာလီတောင်ပံကစားသမား မာရက်ဇ်က တစ်နှစ်လစာ ယူရို (၅၂.၅)သန်းဖြင့် ရပ်တည်နေပြီး ပဥ္စမနေရာတွင် အယ်လ်နာဆာတိုက်စစ်ကစားသမား မာနေက တစ်နှစ်လစာ ယူရိုသန်း (၄၀) ဖြင့် ရပ်တည်နေသည်။

မာနေ၏နောက်တွင် ကူလီဘာလီ၊ မီထရိုဗစ်၊ မီလင်ကိုဗစ်၊ ကွန်တေနှင့် လာပေါ့တ်တို့က အဆင့်(၅)မှ အဆင့် (၁၀) အတွင်း အစဉ်လိုက်ရပ်တည်နေကြကြောင်း သိရသည်။ 

ဆော်ဒီလိဂ်တွင် လစာအများဆုံးရ (၁၀) ဦး

အမည်    အသင်း    တစ်နှစ်လစာ


စီရော်နယ်လ်ဒို    အယ်လ်နာဆာ    ယူရိုသန်း ၂၀၀

ဘန်ဇီမာ    အယ်လ်အစ်တီဟတ်    ယူရိုသန်း ၁၀၀

နေမာ        အယ်လ်ဟီလာ    ယူရိုသန်း ၁၀၀

မာရက်ဇ်    အယ်လ်အာလီ    ယူရို ၅၂.၅ သန်း

မာနေ        အယ်လ်နာဆာ    ယူရိုသန်း ၄၀

ကူလီဘလီ    အယ်လ်ဟီဟာ    ယူရို ၃၄.၇ သန်း

မီထရိုဗစ်    အယ်လ်ဟီလာ    ယူရို ၂၅ သန်း

မီလင်ကိုဗစ်    အယ်လ်ဟီလာ    ယူရို ၂၅ သန်း

ကွန်တေ    အယ်လ်အစ်တီဟတ်    ယူရို ၂၅ သန်း

လာပေါ့တ်    အယ်လ်နာဆာ    ယူရို ၂၄.၅ သန်း

Most Read

Most Recent