ခမ်းနားအောင်ပွဲများအတွက် မွေးဖွားလာသူ အယ်လ်ဗာရက်ဇ်

ခမ်းနားအောင်ပွဲများအတွက် မွေးဖွားလာသူ အယ်လ်ဗာရက်ဇ်
Photos: X
Photos: X
Published 24 July 2024
AK

အယ်လ်ဗာရက်ဇ်က "ဘာစီလိုနာဆိုတာ ကျွန်တော့်ရဲ့ မိသားစုအမှတ်တရတွေထဲ အရေးပါတဲ့ အစိတ်အပိုင်းပါ။ အဂွဲရိုးရဲ့ သွင်းဂိုးကို တီဗီတစ်ခုကနေ မိသားစုတွေ အတူကြည့်ပြီး ပျော်ရွှင်ရသလိုမျိုး ဘာစီလိုနာပွဲတွေ အတူကြည့်ရတာလည်း မမေ့နိုင်စရာပါ။ မက်ဆီကြောင့် ဘာစီလိုနာပရိသတ်ဖြစ်ခဲ့ရတယ်"လို့ ဝန်ခံတယ်။ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ အယ်လ်ဗာရက်ဇ်ဟာ သူ့ရဲ့ အိပ်မက်လေးကို ဖမ်းဆုပ်နိုင်ခဲ့ပြီ။ တစ်ချိန်တုန်းက တီဗီဖန်သားပြင်က တစ်ဆင့် ငေးမောအားကျရသူနဲ့ အသင်းဖော်ဖြစ်ခွင့်ရပြီ။ ကိုပါအမေရိကနဲ့ ကမ္ဘာ့ဖလားမှာ မက်ဆီနဲ့အတူ တွဲကစားခွင့်ရပြီး ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီ။ မက်ဆီရဲ့ အသင်းဖော်ဘဝ ရောက်နေပေမဲ့ အယ်လ်ဗာရက်ဇ်ဟာ တစ်ချိန်တုန်းကလိုမျိုး မက်ဆီကို ငေးမောနေရတုန်းပဲ။ မက်ဆီ လှုပ်ရှားသမျှ အသေးစိတ်ငေးမောရင်း မက်ဆီလိုဟန်မျိုးရအောင် မိတ္တူကူးချင်ပေမဲ့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့ အယ်လ်ဗာရက်ဇ်က ရယ်မောရင်းဝန်ခံတယ်။ "သူ ဘယ်လိုကစားလဲဆိုတာ ဘေးကနေ အတုယူတာပဲ။ ဒါပေမဲ့ ထပ်တူမကျနိုင်ပါဘူး။ သူက သာလွန်ထက်မြက်လွန်းသူပါ။ ဘယ်လိုလုပ်မီနိုင်မှာလဲ" ဆိုပြီး အယ်လ်ဗာရက်ဇ် ပြောခဲ့တာပါပဲ။

 

Most Read

Most Recent