ကွင်းလယ်တွင် ကစားခွင့်ရရန် ကင်မစ်ချ် လိုလားနေ

ကွင်းလယ်တွင် ကစားခွင့်ရရန် ကင်မစ်ချ် လိုလားနေ
Photo: X
Photo: X
Published 15 July 2024

ဂျာမနီလက်ရွေးစင်ကစားသမား ကင်မစ်ချ်သည် ဘိုင်ယန်မြူးနစ်အသင်းတွင် ကွင်းလယ်၌ ကစားခွင့်ရရန် လိုလားနေကြောင်း သိရသည်။

ကင်မစ်ချ်သည် ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း သတင်းထွက်နေသူဖြစ်ပြီး ၎င်းကို လာလီဂါနှင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေသည်။

ထို့ကြောင့် ကင်မစ်ချ်သည် အသင်းနှင့် ပြန်လည်ပူးပေါင်းချိန်၌ နည်းပြ ကွန်ပနီနှင့် ဆွေးနွေးမှုပြုလုပ်သွားမည်ဖြစ်ပြီး နောက်ခံလူအဖြစ်သာ ကစားရမည်ဆိုပါက လမ်းခွဲဖွယ်ရှိနေသည်။

၎င်းသည် လာမည့်ရာသီကုန်တွင် ဘိုင်ယန်မြူးနစ်နှင့် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

Most Read

Most Recent