ဘဏ်များ၏ လိုအပ်ချက် ငွေသားများကို လုံလောက်စွာ ဖြည့်ဆည်း ထုတ်ပေးလျက်ရှိသည်ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ပြောကြား

ဘဏ်များ၏ လိုအပ်ချက် ငွေသားများကို လုံလောက်စွာ ဖြည့်ဆည်း ထုတ်ပေးလျက်ရှိသည်ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ပြောကြား
Published 10 July 2024

ဘဏ်များ၏ လိုအပ်ချက်ငွေသားများကို လုံလောက်စွာဖြည့်ဆည်းထုတ်ပေးလျက်ရှိသည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြားသည်။

“ဗဟိုဘဏ်အနေဖြင့် ဘဏ်များ၏ လို အပ်ချက်ငွေသားများကို လုံလောက်စွာဖြည့် ဆည်းထုတ်ပေးလျက်ရှိပါတယ်။ ဘဏ်များအ နေဖြင့်လည်း လာရောက်ထုတ်ယူသူများကို ဘဏ်တွင်သိုလှောင်နိုင်သည့် ငွေသားပမာဏ အတွင်း သတ်မှတ်ချက်များနှင့်အညီ ဆောင် ရွက်ထုတ်ပေးလျက်ရှိပါတယ်” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြားသည်။

ယခင်ကလည်း ကောလာဟလများ ကြောင့် ပြည်သူများက ဘဏ်များမှငွေများစုပုံ ထုတ်ယူခြင်းအား ကောင်းမွန်စွာ ထိန်းကျောင်း နိုင်ခဲ့ပြီး ဘဏ်များ၏ ငွေသွင်းငွေထုတ်အပ်နှံ ငွေအခြေအနေများကို နေ့စဉ်စောင့်ကြည့် ထိန်းကျောင်းနေသည်ဟု ၎င်းင်းက ဆက်လက် ပြောကြားသည်။

“ နေ့စဉ်အချိန်နှင့်အမျှ ဘဏ်များ၏ ငွေသွင်းငွေထုတ်အပ်နှံငွေ အခြေအနေများကို စောင့်ကြည့်ထိန်းကျောင်းနေတာကြောင့် ပြည်သူများအနေဖြင့် ကောလဟလသတင်း များအပေါ် နားယောင်နေရန်၊ စိုးရိမ်ပူပန်နေ ရန်မလိုအပ်ဘဲ ယုံကြည်စွာဖြင့် အများပြည်သူ အကျိုးကို ကြည့်၍ပူးပေါင်းဆောင်ရွက်သွား ရန် ပြောကြားလိုပါတယ်”ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြားသည်။

ဘဏ်များအနေဖြင့်လည်း သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ငွေသားထုတ်ယူ ခွင့်ပြုနိုင်ရေးအတွက် ယခင်ကတည်းက အ ကြိမ်ကြိမ် ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းင်း က ဆက်လက်ပြောကြားသည်။

“ ဥပမာ- special account ဖြစ်ပါက ငွေသားထည့်သွင်းခဲ့သည့် ပမာဏအတိုင်း ထုတ်ယူခွင့်ပြုထားပါတယ်” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြားသည်။

ထို့ပြင် ငွေစုဘဏ်စာရင်း saving account ဆိုပါက တစ်ပတ်လျှင် တစ်ကြိမ် ငွေထုတ်ယူနိုင်ပြီး စာရင်းသေအပ်ငွေဆိုပါက သက်တမ်းပြည့်ချိန်တွင် ထုတ်ယူနိုင်ကြောင်း၊ ငွေစာရင်းအဟောင်းများနှင့် ပတ်သက်ပြီး ၂၀၂၂ ခုနှစ်ဧပြီလက မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ထုတ်ပြန်ခဲ့သည့် ငွေသားစီမံခန့်ခွဲမှု အဆင်ပြေစေရေးသတ်မှတ်ချက်ပါအတိုင်း ငွေသားထုတ်ယူနိုင်ကြောင်း၊ ယင်းအပြင် ဒီဂျစ်တယ်နည်းလမ်းများ အသုံးပြုပြီးငွေကြေး လွှဲပြောင်းမှုများ၊ သုံးစွဲမှုများကို ပိုမိုတိုးတက် အောင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုသည် ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ပြောကြားသည်။

Most Read

Most Recent