■ ယူရိုနှင့် ကိုပါအမေရိက ဆီမီးဖိုင်နယ်၌ ပရီးမီးယားလိဂ်ကစားသမား (၅၆)ဦး ဆက်ရှိနေ

■ ယူရိုနှင့် ကိုပါအမေရိက ဆီမီးဖိုင်နယ်၌ ပရီးမီးယားလိဂ်ကစားသမား (၅၆)ဦး ဆက်ရှိနေ
Photo: FOX Sports
Photo: FOX Sports
Published 9 July 2024

ယူရို-၂၀၂၄ နှင့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်၌ ပရီးမီးယားလိဂ်ကစားသမား (၅၆)ဦး ဆက်ရှိနေကြောင်း သိရသည်။

ယူရို-၂၀၂၄ ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ရောက် အသင်း(၄)သင်းတွင် ပရီးမီးယားလိဂ်ကစားသမား (၃၈)ဦး ရှိနေပြီး ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ရောက် အသင်း(၄)သင်းတွင် ပရီးမီးယားလိဂ်ကစားသမား (၁၈)ဦးရှိနေကြောင်း သိရသည်။

ယူရို၌ ပရီးမီးယားလိဂ်ကစားသမား အများဆုံးပါဝင်နေသည့်အသင်းမှာ အင်္ဂလန်အသင်းဖြစ်ပြီး ကိုပါအမေရိက၌ ပရီးမီးယားလိဂ်ကစားသမား အများဆုံးပါဝင်နေသည့်အသင်းမှာ အာဂျင်တီးနားအသင်းဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲများကို ဇူလိုင်(၉၊ ၁၀)ရက်များတွင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent