■ အာဆင်နယ်အသင်းနှင့် သက်တမ်းတိုးရန် ဖြစ်လာလိမ့်မည်ဟု အာတီတာ ဆို     

■ အာဆင်နယ်အသင်းနှင့် သက်တမ်းတိုးရန် ဖြစ်လာလိမ့်မည်ဟု အာတီတာ ဆို     
Published 5 July 2024

အာဆင်နယ်အသင်း၏နည်းပြ အာတီတာက အသင်းနှင့် သက်တမ်းတိုးရန် ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။ 

အာတီတာ(၄၂ နှစ်)သည် အာဆင်နယ်အသင်းကို ၂၀၁၉ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ နောက်ဆုံးနှစ်ရာသီဆက်တိုက် ဒုတိယနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ 

၎င်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၅ နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး အာဆင်နယ်အသင်းဘက်က စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ 

ယင်းအခြေအနေနှင့်ပတ်သက်၍ ESPN က မေးမြန်းခဲ့ရာ အာတီတာက "ဘာတွေ ဖြစ်လာမလဲဆိုတာ ကျွန်တော် ကြိုတင်မခန့်မှန်းနိုင်ပါဘူး။ ဒါပေမဲ့ အသင်းနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက ကောင်းမွန်နေပြီး လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတာကြောင့် သက်တမ်းတိုးဖို့ ဖြစ်လာပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent