လူရင်းသဖွယ် မခံစားရသဖြင့် အခြားအနုပညာရှင်များနှင့် ခင်ခင်မင်မင်မရှိဟု မိုင်လေဆိုင်းရပ်စ် ဖွင့်ဟ

လူရင်းသဖွယ် မခံစားရသဖြင့် အခြားအနုပညာရှင်များနှင့် ခင်ခင်မင်မင်မရှိဟု မိုင်လေဆိုင်းရပ်စ် ဖွင့်ဟ
Photo-AFP
Photo-AFP
Published 13 June 2024

မိုင်လေဆိုင်းရပ်စ်က ၎င်းသည် အနုပညာနယ်ပယ်တွင် အလွန်တက်ကြွသူမဟုတ်သည့်အတွက် အခြားအနုပညာရှင်များနှင့် ရင်းရင်းနှီးနှီးမရှိဟု အစီအစဉ်တင်ဆက်သူ ဒေးဗစ်လက်တာမန်းနှင့် လတ်တလော အင်တာဗျူးတွင် ပြောသွားသည်။

၂၀၂၄ ဂရမ်မီဆုပေးပွဲတက်ရောက်စဉ်က ခံစားချက်ကို မိုင်လေကမျှဝေခဲ့ပြီး “အဲဒီခန်းမထဲမှာရှိနေပေမယ့် ကိုယ့်လူတွေလို့ မခံစားရဘူး။ ဒါပေမယ့်အဲဒီမှာ ဘီယွန်းဆေးတော့ရှိနေတယ်။ကျွန်မတို့သိလာတာကြာပြီ။   ကျွန်မက ရီဟားနားနဲ့ ဘီယွန်းဆေးတို့ကြားမှာ။ကျွန်မကလူကောင်သေးသေးပေါ့။ဘီယွန်းဆေးက ကျွန်မကိုသိပ်ကြင်နာတာ”ဟု ပြောသည်။

ခင်မင်ရင်းနှီးမှုတွင် အဓိကကျသည့် အရာက ကြင်နာတတ်မှုနှင့် သဟဇာတဖြစ်မှု ဟုမိုင်လေကဆိုပြီး ထိုအချက်များကြောင့် မိုင်လေနှင့်ရင်းနှီးသည့် အနုပညာရှင်မှာ အနည်းစုသာရှိသည်။

“အရည်အသွေးကိုပဲ ကြည့်တယ်။ အရေအတွက်ကအရေးမကြီး” ဟုလည်း မိုင် လေကဆိုသည်။မိုင်လေမာနကြီးခြင်းက ဖခင်ဘီလီဆိုင်းရပ်စ်ထံမှ အမွေရထားခြင်းဖြစ်သည်။

ဖခင်၏ကလေးဘဝသည် ကြမ်းတမ်းခဲ့ပြီး ဖခင်ကြီးပြင်းလာခဲ့ပုံနှင့် ၎င်းကြီးပြင်းလာခဲ့ပုံကို မိုင်လေကနှိုင်းယှဉ်ပြောပြသေးသည်။ “ကျွန်မကလေးဘဝတုန်းက စားစရာဆိုလည်း ရှိတယ်။ မေတ္တာတွေလည်းရတယ်။ အိမ်ကောင်းကောင်းနဲ့ နေလာကြီးပြင်းလာရတယ်။အဖေကတော့ သူ့ရဲ့ကလေးဘဝမှာ အဲဒါတွေမခံစားခဲ့ရဘူး”ဟုပြောပြသည်။ယခု နှစ်ဂရမ်မီဆုပေးပွဲတွင် မိုင်လေ၏ Flowers သီချင်းက Record of the Year ဆုနှင့် ပေါ့တစ်ကိုယ်တော်တင်ဆက်မှုဆုတို့ ရခဲ့သည်။

Most Read

Most Recent