ပြီးခဲ့သည့်တစ်လအတွင်း အအောင်မြင်ဆုံး ကိုရီးယားသရုပ်ဆောင်များစာရင်းတွင် မာဒုံဆော့က ထိပ်ဆုံးဖြစ်နေ

ပြီးခဲ့သည့်တစ်လအတွင်း အအောင်မြင်ဆုံး ကိုရီးယားသရုပ်ဆောင်များစာရင်းတွင် မာဒုံဆော့က ထိပ်ဆုံးဖြစ်နေ
Photo: Soompi
Photo: Soompi
Published 30 May 2024

ပြီးခဲ့သည့်တစ်လတာအတွင်း ကိုရီးယားအနုပညာရှင်များ၏ အောင်မြင်မှုအခြေအနေကို Korean Business Research က အဆင့်သတ်မှတ်ထုတ်ပြန်ထားရာ အက်ရှင်မင်းသားဒွန်းလီခေါ် မာဒုံဆော့က ထိပ်ဆုံးမှရပ်တည်နေသည်။

ဧပြီ၂၈ ရက်မှ မေ ၂၈ ရက်အတွင်း ထုတ်လွှင့်ခဲ့သည့် ဒရာမာဇာတ်လမ်းတွဲများ၊ ဇာတ်ကားများတွင်ပါဝင်သည့် မင်းသား၊ မင်းသမီး ၁၀၀ ကို  အကဲဖြတ်အဆင့်သတ်မှတ်ထားခြင်းဖြစ်ပြီး Lovely Runner ဇာတ်လမ်းတွဲဖြင့် လတ်တလောနာမည်ကြီးနေသည့် မင်းသားဗြန်ဝူဆော့က ဒုတိယနေရာရထားသည်။Queen of Tears ဇာတ်လမ်းတွဲမှ မင်းသားကင်ဆူဟွန်းက တတိယနေရာတွင်ရှိပြီး တွဲဖက်မင်းသမီးကင်ဂျီဝန်က ပဥ္စမနေရာကို ရယူထားသည်။မာဒုံဆော့ပါဝင်သရုပ်ဆောင်ထားသည့် The Roundup: Punishment ဇာတ်ကားမှ မင်းသားပတ်ဂျီဟွမ်က စတုတ္ထနေရာတွင်ရပ်တည်လျက်ရှိပြီး The Roundup ဇာတ်ကားစီးရီး၏ လေးကားမြောက်အဖြစ် ထွက်လာသည့် ယင်းဇာတ်ကားသည် ၂၀၂၄ ခုနှစ်အတွင်း လူကြည့်အများဆုံး ရုံတင်ဇာတ် ကားဖြစ်လာဖွယ်ရှိသည်။

Exhuma သရုပ် ဆောင်လီဒိုဟွန်းက စာရင်း၏နံပါတ်(၁၅) နေရာကို ပိုင်ဆိုင်ထားသည်။

Most Read

Most Recent