ချမ်းအေးသာစံမြို့နယ်ရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဆိုင်ဝန်ထမ်းငါးဦး ဒဏ်ရာရရှိ

ချမ်းအေးသာစံမြို့နယ်ရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဆိုင်ဝန်ထမ်းငါးဦး ဒဏ်ရာရရှိ
Published 12 June 2024

ချမ်းအေးသာစံမြို့နယ် ၈၄ လမ်းနှင့် ၃၄ လမ်းထောင့်ရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် ဇွန် ၁၂ ရက် မွန်းလွဲ နှစ်နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားပြီး ဆိုင်ဝန်ထမ်းငါးဦး ဒဏ်ရာရရှိ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဇွန် ၁၂ ရက်က မွန်းလွဲနှစ်နာရီခန့်က ဆိုင်ကယ်စီးလာသော အမျိုးသားနှစ်ဦးက ဆိုင်ကယ်ပေါ်မှ လက်လုပ်မိုင်းဖြင့် ဇွဲထက်ရွှေဆိုင်ရှေ့သို့ ပစ်ပေါက်ခဲ့ရာ ဆိုင်ကယ်စတန်းရှေ့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်နှစ်စီးပျက်စီးကာ ရွှေဆိုင်ဝန်ထမ်းငါးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်အတွင်းကလည်း မန္တလေးမြို့ရှိ ဇွဲထက်ရွှေဆိုင်နှစ်ဆိုင်ရှေ့ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

Most Read

Most Recent