မန္တလေးမြို့ရှိ ဆိုင်တချို့အား ဓားများကိုင်ဆောင်ပြီး ဝင်ရောက် လုယက်မှုများ ဆက်တိုက်ဖြစ်ပွား

မန္တလေးမြို့ရှိ ဆိုင်တချို့အား ဓားများကိုင်ဆောင်ပြီး ဝင်ရောက် လုယက်မှုများ ဆက်တိုက်ဖြစ်ပွား
Published 4 June 2024

မန္တလေးမြို့ရှိ ဆိုင်တချို့အား နံနက်ခင်းနှင့် နေ့ခင်းပိုင်းအချိန်များတွင်ပင် ဓားများကိုင်ဆောင်ပြီး ဝင်ရောက် လုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

ဇွန် ၄ ရက် နံနက် ၁၀ နာရီခန့်တွင် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်ရှင်ရပ်ကွက် လမ်း ၆၀ နှင့် ၃၂ ဒီလမ်း လမ်းထောင့်ရှိ YT Bautique အထည်ဆိုင်အား ဓားကိုင်ဆောင်လာသူ အမျိုးသား၊ အမျိုးသမီး လေးဦးခန့်မှ ဝင်ရောက်လုယက်ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလေးဦးမှ ဆိုင်တွင်းရှိ ဝန်ထမ်းအမျိုးသမီးနှစ်ဦးအား ဓားဖြင့်ထောက်ကာ ၎င်းတို့၏ဖုန်းနှစ်လုံး၊ ရွှေဆွဲကြိုးနှင့် နားကပ်အပါအဝင် စျေးရောင်းရငွေကျပ်တစ်သိန်းတို့အား ယူဆောင်ကာ ရေချိုးခန်းအတွင်း ပိတ်လှောင်ထားခဲ့ကြောင်း သိရသည်။

ဇွန် ၂ ရက်ကလည်း ၂၆ဘီလမ်းပေါ်ရှိ ဖုန်းဆိုင်အား ဓားများကိုင်ဆောင်ဝင်ရောက်ကာ ဖုန်းနှင့်ငွေများကို လုယူမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

Most Read

Most Recent