လူကာကူအား အငှားဖြင့်ပြန်ခေါ်ရန် မန်ယူအသင်းကို ဒွိုက်ယော့ခ်တိုက်တွန်း

လူကာကူအား အငှားဖြင့်ပြန်ခေါ်ရန် မန်ယူအသင်းကို ဒွိုက်ယော့ခ်တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 14 March 2024

မန်ယူဂန္ထဝင်တိုက်စစ်မှူး ဒွိုက်ယော့ခ်က အသင်းဟောင်းအား လူကာကူကို အငှားဖြင့် ပြန်လည်ခေါ်ယူရန် တိုက်တွန်းခဲ့သည်။

လူကာကူ (၃၀ နှစ်)သည် မန်ယူအသင်းတွင် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၂) ရာသီကစားခဲ့ပြီး ပြိုင်ပွဲစုံ (၉၆) ပွဲတွင် (၄၂) ဂိုးသွင်းယူခဲ့သည်။

ယင်းနောက် လူကာကူသည် အင်တာမီလန်နှင့် ချယ်လ်ဆီးအသင်းများထံ အဆင့်ဆင့်ပြောင်းရွှေ့ခဲ့ပြီး လက်ရှိတွင် ရိုးမားအသင်း၌ တစ်ရာသီအငှားဖြင့် သွားရောက်ကစားနေသည်။

ဒွိုက်ယော့ခ်က ''လူကာကူဟာ ပရီးမီးယားလိဂ် Big Six အသင်းတွေမှာ ကစားနိုင်စွမ်းရှိနေဆဲပါ။ မန်ယူ ဒါမှမဟုတ် စပါးအသင်းတွေက သူ့ကို အငှားစာချုပ်နဲ့ ခေါ်ယူသင့်ပါတယ်။ လူကာကူရဲ့ ဂိုးသွင်းမှတ်တမ်းက အရမ်းကောင်းပြီး တစ်ရာသီကို (၁၅)ဂိုး၊ ဂိုး (၂၀) လောက် အာမခံနိုင်သူပါ။ မန်ယူအနေနဲ့ ဟွိုင်လန်းရှိနေပေမဲ့ ထိပ်တန်းအသင်းတွေနဲ့ပြိုင်ဖို့ လူကာကူကို လိုအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent