နည်းပြ အယ်လီဂရီအား စာချုပ်သစ်ချုပ်ဆိုရန် ဂျူဗင်တပ်စ်အသင်း စီစဉ်နေ

နည်းပြ အယ်လီဂရီအား စာချုပ်သစ်ချုပ်ဆိုရန် ဂျူဗင်တပ်စ်အသင်း စီစဉ်နေ
Photo: Che JUVENTUS
Photo: Che JUVENTUS
Published 29 April 2024

ဂျူဗင်တပ်စ်အသင်းသည် အသင်း၏ အီတလီလူမျိုးနည်းပြ အယ်လီဂရီအား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေပြီး  ပုံစံသစ်ဖြင့်ကျင်းပမည့် ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းအားဦးဆောင်စေရန် ဆန္ဒရှိနေကြောင်းသိရသည်။

အယ်လီဂရီနှင့် ဂျူဗင်တပ်စ်၏လက်ရှိစာချုပ်မှာ ၂၀၂၅ နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး အသင်းအနေဖြင့် စာချုပ်သစ်ဆွေးနွေးမှုများကို မကြာခင်စတင်ဖွယ်ရှိနေကြောင်းသိရသည်။

အယ်လီဂရီသည် ယခုရာသီတွင် ဂျူဗင်တပ်စ်အသင်းအား ကိုပါအီတာလီယာဖလားဗိုလ်လုပွဲသို့ ပို့ဆောင်ပေးထားနိုင်သူဖြစ်သည်။

Most Read

Most Recent