ရော်နယ်လ်ဒိုကို ပါးစပ်ပိတ်ထားရန် လီဘော့ဖ် တိုက်တွန်း

ရော်နယ်လ်ဒိုကို ပါးစပ်ပိတ်ထားရန် လီဘော့ဖ် တိုက်တွန်း
Photo : GoalVe
Photo : GoalVe
Published 6 March 2024

ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက ဆော်ဒီပရိုလိဂ်သည် ပြင်သစ်လီဂူး-၁ ပြိုင်ပွဲထက် ပြိုင်ဆိုင်မှု ပြင်းထန်သည်ဟု စီရော်နယ်လ်ဒို၏မှတ်ချက်စကားအား ပြင်သစ်နှင့် ချယ်လ်ဆီးနောက်ခံလူဟောင်း လီဘော့ဖ်က ပါးစပ်ပိတ်ထားသင့်ကြောင်း တုံ့ပြန်ခဲ့သည်။

စီရော်နယ်လ်ဒိုသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ဆော်ဒီလိဂ်သို့ အံ့အားသင့်ဖွယ်ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့သည့်နွေရာသီအတွင်း မာနေ၊ ဘန်ဇီမာ၊ နေမာစသည့် နာမည်ကျော် ကစားသမားများ ရောက်ရှိလာခဲ့သည်။

ပြင်သစ်တွင် ချန်ပီယံဆုကို စိန်ခေါ်နိုင်သည့် အသင်းမှာ နှစ်သင်း သို့မဟုတ် သုံးသင်းသာ ရှိသောကြောင့် ဆော်ဒီပရိုလိဂ်က ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်ကြောင်း စီရော်နယ်လ်ဒိုက သုံးသပ်ခဲ့ခြင်းဖြစ်သည်။

လီဘော့ဖ်၏ပြောစကားတွင် စီရော်နယ်လ်ဒိုအနေဖြင့် ပြင်သစ်လီဂူးတွင် မဟာပြိုင်ဘက် မက်ဆီကစားခဲ့ခြင်းကြောင့် ယင်းသို့ ဝေဖန်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။

Most Read

Most Recent