မတ် ၁ ရက်မှ ဇွန် ၁၉ ရက်အထိကျင်းပမည့် ၂၀၂၄ MNL Cup ပြိုင်ပွဲအတွက် ဆုကြေးငွေများ မြန်မာနေရှင်နယ်လိဂ် သတ်မှတ်

မတ် ၁ ရက်မှ ဇွန် ၁၉ ရက်အထိကျင်းပမည့် ၂၀၂၄ MNL Cup ပြိုင်ပွဲအတွက် ဆုကြေးငွေများ မြန်မာနေရှင်နယ်လိဂ် သတ်မှတ်
Photo: MNL
Photo: MNL
Published 28 February 2024

 

မြန်မာနေရှင်နယ်လိဂ်သည် မတ် ၁ ရက်မှ ဇွန် ၁၉ ရက်အထိ ကျင်းပမည့် ၂၀၂၄ MNL Cup ပြိုင်ပွဲအတွက် ဆုကြေးငွေများ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်သည် ဗိုလ်လုပွဲ တက်ရောက်နိုင်သည့် အသင်းနှစ်သင်းကိုသာ ဆုကြေးငွေများ ချီးမြှင့်မည်ဖြစ်ပြီး ပထမဆု ကျပ်သိန်း ၃၅၀၊ ဒုတိယဆု ကျပ်သိန်း ၂၀၀ ချီးမြှင့်မည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် လာမည့်ရာသီမှစတင်ကာ MNL ပြိုင်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) တို့က သတ်မှတ်ထားသည့် ဘောလုံးရာသီအတိုင်း ပြောင်းလဲကျင်းပမည်ဖြစ်သောကြောင့် ကလပ်အသင်းများ ပြိုင်ပွဲမပြတ်စေရန် MNL Cup ပြိုင်ပွဲ အစားထိုးကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲ ကို MNL နှင့် MNL-2 ကလပ်အသင်းအားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု လေးခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ 

အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) တွင် ရန်ကုန်ယူနိုက်တက်၊ တက္ကသိုလ်၊ မဟာယူနိုက်တက်၊ GFA၊ ရွှေပြည်သာယူနိုက်တက်၊ အုပ်စု (B) တွင် ရှမ်းယူနိုက်တက်၊ Glory Goal၊ ရခိုင်ယူနိုက်တက်၊ ကချင်ယူနိုက်တက်၊ Rainbow၊ အုပ်စု (C) တွင် ဟံသာဝတီယူ နိုက်တက်၊ Dragon Port၊ ဒဂုံစတားယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ ငွေကြယ်ပွင့်၊ အုပ်စု (D) တွင် အား^ကာသိပ္ပံ၊ သစ္စာအား မာန်၊ မြဝတီ၊ ရတနာပုံနှင့် ရက္ခပူရယူနိုက်တက် အသင်းတို့ ပါဝင်သည်။ 

အုပ်စုပွဲများကို မတ် ၁ ရက်မှ မေ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို မေ ၂၅၊ ၂၆ ရက်၊ ဗိုလ်လုပွဲကို ဇွန် ၁၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စုတစ်ခု စီမှ အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံး တစ် သင်းစီသာ ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရ မည်ဖြစ်ရာ အသင်းများအနေဖြင့် နောက်တစ် ဆင့်တက်ရောက်နိုင်ရန် ပွဲတိုင်းအရေးပါနေသည်။ 

အုပ်စုပွဲများကို ရန်ကုန်မြို့ရှိ သုဝဏ္ဏ ကွင်း၊ YUSC ကွင်း၊ တက္ကသိုလ်ကွင်းနှင့် ပဒုမ္မာကွင်းတို့တွင် ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကိုမူ သုဝဏ္ဏကွင်း၌သာ ကျင်းပမည်ဖြစ်သည်။ မတ်လနှင့် ဇွန်လနိုင်ငံတကာ ရက်သတ္တပတ်ကြောင့် ပြိုင်ပွဲကာလမှာ သုံးလကျော် ကြာမြင့်မည်ဖြစ်သည်။

Most Read

Most Recent