ယာဂန်ကလော့ပ်နေရာ အစားထိုးနိုင်မည့်သူမရှိဟု လက်ထောက်နည်းပြ လင်ဒါစ် ပြောကြား

ယာဂန်ကလော့ပ်နေရာ အစားထိုးနိုင်မည့်သူမရှိဟု လက်ထောက်နည်းပြ လင်ဒါစ် ပြောကြား
Photo : EFL
Photo : EFL
Published 26 February 2024

လီဗာပူးလ်အသင်း၏ လက်ထောက်နည်းပြတစ်ဦးဖြစ်သည့် လင်ဒါစ်က နည်းပြ ယာဂန်ကလော့ပ်၏နေရာကို အစားထိုးနိုင်မည့်သူမရှိဟု သုံးသပ်ပြောကြားခဲ့သည်။

လိဂ်ဖလားဗိုလ်လုပွဲမတိုင်မီ မီဒီယာများနှင့် တွေ့ဆုံရာတွင် လင်ဒါစ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ယာဂန်ကလော့ပ် လမ်းခွဲတော့မည့်အကြောင်းကို ပြီးခဲ့သည့်နွေရာသီကတည်းက မိမိတို့ သိရှိထားခဲ့ပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

''ယာဂန်ရဲ့ နေရာကို အစားထိုးနိုင်မယ့်သူ မရှိပါဘူး။ ကျွန်တော့်အတွက်တော့ ဒါက ရှင်းပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့နွေရာသီမှာကတည်းက သိထားခဲ့တာပါ။ ကျွန်တော်တို့ စီမံကိန်းအဆုံးသတ်တဲ့အထိ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ နည်းပြရာထူးအတွက် ကမ်းလှမ်းမှုတွေ ရရှိခဲ့ပါတယ်။ ကျွန်တော့် နှလုံးသားက လက်ခံချင်ပေမဲ့ ကျွန်တော့် သစ္စာတရားက လက်မခံပါဘူး။ ဒါကြောင့် စီမံကိန်းပြီးဆုံးတဲ့အထိ အတူလုပ်ဆောင်သွားဖို့ သဘောတူခဲ့တာပါ။ နည်းပြသစ်တစ်ယောက်ကို သူတို့ ရှာတွေ့မှာဖြစ်သလို၊ ကျွန်တော်လည်း သင့်တော်တဲ့အသင်းကို ရှာဖွေနိုင်မှာပါ။ ဒါပေမဲ့ အခုတော့ ရာသီအဆုံးသတ်နောက်ဆုံးပွဲစဉ်အထိ လီဗာပူးလ်အသင်းကိုပဲ အာရုံစိုက်သွားမှာပါ''ဟု လင်ဒါစ်က ပြောကြားခဲ့သည်။

 

Most Read

Most Recent