■ စီးရီးအေပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက် 

■ စီးရီးအေပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 23 February 2024

ဆာဆူအိုလို - အမ်ပိုလီ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၈:၃၀ နာရီ)

ဆာဆူအိုလိုက အရမ်းဆိုးရွားနေပြီး ခံစစ်ကလည်း စိတ်ပျက်စရာကောင်းနေတယ်။ အမ်ပိုလီက နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းရော ရလဒ်ပါသိသိသာသာတက်လာခဲ့တယ်။ အဝေးကွင်းဖြစ်ပေမဲ့ အမ်ပိုလီကို ရွေးချယ်ချင်တယ်။



ဆလာနီတာနာ - မွန်ဇာ (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် ည ၁၁:၃၀ နာရီ)

ဆလာနီတာနာက စီးရီးအေနောက်ဆုံး (၇)ပွဲဆက် နိုင်ပွဲပျောက်နေပြီး အဲဒီ(၇)ပွဲမှာ (၆)ပွဲရှုံးခဲ့တယ်။ မွန်ဇာက အသင်းကောင်းတစ်သင်းပါ။ မွန်ဇာ သရေနဲ့ အနိုင်ပဲ။ (၂)သင်းပေါင်း သွင်းဂိုးများနိုင်တယ်။



ဂျီနိုအာ - အူဒီးနီးစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၂:၁၅ နာရီ)

ဒီနှစ်သင်းတွေ့ဆုံတဲ့ စီးရီးအေနောက်ဆုံး (၄)ပွဲဆက် သရေရလဒ်တွေနဲ့ ပြီးဆုံးခဲ့တယ်။ လက်ရှိခြေစွမ်းအရလည်း ကွာဟချက်သိပ်မရှိပါဘူး။ သရေကျဖို့များတယ်။ (၀-၀)၊ (၁-၁) ရလဒ်တွေ ဖြစ်နိုင်တယ်။

 

Most Read

Most Recent