■ တိုက်စစ်အသားပေးကစားသွားမည်ဟု ပဲလေ့စ်နည်းပြသစ် ဂလက်စ်နာ ဆို     

■ တိုက်စစ်အသားပေးကစားသွားမည်ဟု ပဲလေ့စ်နည်းပြသစ် ဂလက်စ်နာ ဆို     
Photo: Sky Sports
Photo: Sky Sports
Published 23 February 2024

ခရစ္စတယ်ပဲလေ့စ်အသင်း၏ နည်းပြသစ်ဖြစ်သူ ဂလက်စ်နာက မိမိ၏ ဘောလုံးဒဿနမှာ ဂိုးများသွင်းယူရန်ဖြစ်ပြီး တိုက်စစ်အသားပေးအသင်းတစ်သင်းအဖြစ် ပုံဖော်သွားမည်ဟု ပြောကြားခဲ့သည်။ 

၀ါရင့်နည်းပြ ရွိုင်းဟော့ဒ်ဆန်နေရာ အစားထိုးခန့်အပ်ခံခဲ့ရသည့် ဂလက်စ်နာသည် ယခုတစ်ပတ် ဘန်လေနှင့်ပွဲတွင် ခရစ္စတယ်ပဲလေ့စ်အသင်းကို စတင်တာဝန်ယူမည်ဖြစ်သည်။ 

"ကျွန်တော့်ရဲ့ဒဿနကတော့ အရမ်းရိုးရှင်းပါတယ်။ ဂိုးတွေ သွင်းဖို့ပါပဲ။ ကစားသမားတိုင်းကလည်း ဘောလုံးစကစားကတည်းက ဂိုးတွေသွင်းပြီး အောင်ပွဲခံချင်ကြတာပါ"ဟု ဂလက်စ်နာက ပြောကြားခဲ့သည်။

ခရစ္စတယ်ပဲလေ့စ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) အပြီးတွင် ရမှတ် (၂၅) မှတ်ဖြင့် အဆင့် (၁၅) နေရာ၌ ရပ်တည်နေပြီး တန်းဆင်းဇုန်ဖြစ်သည့် အဆင့် (၁၈) နေရာ၌ ရပ်တည်နေသော လူတန်အသင်း(၂၀ မှတ်)နှင့် (၅) မှတ်သာ ကွာဟသည်။ 

ထို့ပြင် ခရစ္စတယ်ပဲလေ့စ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) ပွဲတွင် (၂၈) ဂိုးသာ သွင်းယူနိုင်ထားပြီး ၎င်းတို့ထက် သွင်းဂိုးသည့်အသင်းမှာ အဲဗာတန် (၂၇ ဂိုး)၊ ဘန်လေ (၂၅ ဂိုး)နှင့် ရှက်ဖီးယူနိုက်တက် (၂၂ ဂိုး)သာ ရှိနေသည်။ 

Most Read

Most Recent