Instagram တွင် မက်ဆီ Follow လုပ်ထားသည့် ကလပ် ခြောက်သင်းသာရှိပြီး PSG မပါဝင်

Instagram တွင် မက်ဆီ Follow လုပ်ထားသည့် ကလပ် ခြောက်သင်းသာရှိပြီး PSG မပါဝင်
Photos: SportsTiger
Photos: SportsTiger
Published 21 February 2024

 

Instagram တွင် အာဂျင်တီးနားနာမည်ကျော်ကစားသမား မက်ဆီ Follow လုပ်ထား သည့် ကလပ်အသင်း ခြောက်သင်းသာရှိပြီး ယင်းထဲတွင် ပြီးခဲ့သည့်နွေရာသီကမှ လမ်းခွဲထွက်ခွာခဲ့သည့်  PSG အသင်း မပါဝင်ကြောင်း သိရသည်။

မက်ဆီ၏ Instagram အကောင့်တွင် Follower ၄၉၉ သန်းရှိပြီး ၎င်းမှ ပြန်လည် Follow လုပ်သည့်အကောင့်မှာ ၃၀၅ ခုသာ ရှိနေသည်။ မက်ဆီ Follow လုပ်ထားသည့် ကလပ်ခြောက်သင်းတွင် ကစားသမားဘဝ အအောင်မြင်ဆုံးကာလ ကစားခဲ့သည့် ဘာစီ လိုနာအသင်း၊ လက်ရှိကစားနေသည့် အင်တာမိုင်ယာမီအသင်း၊ သူ၏ငယ်ဘဝကလပ်  နယူးဝဲလ်အိုးဘွိုင်းအသင်း၊ မွေးရပ်မြေ ဒေသခံကလပ်ဖြစ်သည့် La Bajada အသင်း များအပြင် ကမ္ဘာ့နံပါတ်တစ်နှင့် အအောင် မြင်ဆုံးဘောလုံးလိဂ်ဖြစ်သည့် မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းများ ပါဝင်လျက်ရှိသည်။  

မက်ဆီသည် PSG အသင်းနှင့် နှစ်နှစ်ကြာ ကစားခဲ့သော်လည်း Follow လုပ်ထားခြင်း မရှိသည်မှာ အံ့အားသင့်စရာဖြစ်နေကြောင်း SportBible က ရေးသားခဲ့သည်။ မကြာသေးမီက ESPN နှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူး၌ ပြင်သစ်တွင်ကစားခဲ့သော နှစ်နှစ်တာကာလသည် ခက်ခဲသည့်ကာလများဖြစ်ပြီး မပျော်ရွှင်ခဲ့ကြောင်း မက်ဆီက ဝန်ခံခဲ့သည်။ 

မက်ဆီ သည် မကြာသေးမီက အင်တာမိုင်ယာမီအသင်းနှင့် ရာသီကြိုခြေစမ်းခရီးစဉ်၌ ဟောင်ကောင်XI အသင်းနှင့်ပွဲတွင် ဝင်ရောက်မကစားနိုင်မှုအပေါ် ထပ်မံတောင်းပန်ခဲ့သည်။ မက်ဆီ၏တောင်းပန်မှုကို ဟောင်ကောင်ပရိသတ်များကလည်း အပြုသဘောဖြင့် တုံ့ပြန်ခဲ့ကြသည်။

Most Read

Most Recent