လင်ဂတ်ရဲ့ ဆိုးလ်မြို့သို့ အလည်တစ်ခေါက် (Life)

လင်ဂတ်ရဲ့ ဆိုးလ်မြို့သို့ အလည်တစ်ခေါက် (Life)
Photos: X
Photos: X
Published 14 February 2024
AK

နော်တင်ဟမ်ဖောရက်စ်က စာချုပ်သက်တမ်းမတိုးဘဲ ငြင်းပယ်ပြီးနောက် လင်ဂတ်ရဲ့ အနာဂတ်ဟာ ဝေ၀ါးဝါးရှိလှပါတယ်။ တကယ်ဆိုရင် လင်ဂတ်ရဲ့အသက်က (၃၁)နှစ်ပဲရှိသေးတယ်။ မန်ယူနဲ့ အင်္ဂလန်ရဲ့ အမျှော်လင့်ခံလရောင်ဟာ အသင်းလက်မဲ့ဖြစ်တဲ့အထိ လမ်းပျောက်သွားတာ မဖြစ်သင့်ပါဘူး။ တစ်ကိုယ်တည်း လေ့ကျင့်ခန်းဆင်းခဲ့ရတယ်။ အေးဂျင့်ဖြစ်သူကို အလုပ်ဖြုတ်ခဲ့တယ်။ လင်ဂတ်ဟာ သူ့ကိုယ်သူ ပြန်ရှာမတွေ့တဲ့အဆုံး တောင်ကိုရီးယားမြို့တော်ဆီ ပြေးထွက်သွားပါတယ်။ ဆိုးလ်မြို့မှာ လင်ဂတ်က Kpop သီချင်းတွေနဲ့ ကခုန်နေမှာလား။ ပြီးခဲ့တဲ့ ဧပြီလ (၁၆)ရက်ကစတင်လို့ တစ်ပွဲမှ မကစားရသေးသူ လင်ဂတ်ဟာ ဥရောပကို ချန်ထားရစ် နိုင်ပေမဲ့ ဒဏ်ရာပြဿနာတွေကို ချန်ရစ်မထားနိုင်ခဲ့ဘူး။ FC Seoul အသင်းအတွက် မကစားပေးနိုင်သေးဘူး။ ကံကောင်းတာက FC Seoul အသင်းရဲ့ ကေလိဂ် ပထမဆုံးပွဲဟာ မတ်လ (၂)ရက်ကျမှ ကစားရမှာပါပဲ။

 

Most Read

Most Recent