ပိုချက်တီနိုကို ရာထူးမှထုတ်ပယ်ပြီး မော်ရင်ဟိုအား နည်းပြအဖြစ်ပြန်လည်ခန့်အပ်ရန် ချယ်လ်ဆီးကို ပီတစ် တိုက်တွန်း

ပိုချက်တီနိုကို ရာထူးမှထုတ်ပယ်ပြီး မော်ရင်ဟိုအား နည်းပြအဖြစ်ပြန်လည်ခန့်အပ်ရန် ချယ်လ်ဆီးကို ပီတစ် တိုက်တွန်း
Photo : Getty Images
Photo : Getty Images
Published 8 February 2024

ချယ်လ်ဆီးကစားသမားဟောင်း ပီတစ်က လက်ရှိနည်းပြ ပိုချက်တီနိုအား ရာထူးမှထုတ်ပယ်ပြီး အသင်းနည်းပြဟောင်း မော်ရင်ဟိုအား ပြန်လည်ခန့်အပ်ရန် အသင်းဟောင်းကို တိုက်တွန်းပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီတွင် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) အပြီးတွင် ရမှတ် (၃၁)မှတ်ဖြင့် အဆင့် (၁၁) နေရာအထိ ရောက်ရှိနေကာ အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ် (၅၁ မှတ်)နှင့် (၂၀) မှတ်အထိ ကွာဟနေသလို၊ အဆင့် (၄) နေရာမှ အက်စတွန်ဗီလာ (၄၆ မှတ်)နှင့်ပင် (၁၅) မှတ်အထိကွာဟနေသည်။

ထို့ကြောင့် အသင်းနည်းပြ ပိုချက်တီနိုမှာ ဖိအားများနေပြီး ရာထူးမှထုတ်ပယ်ခံရဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိနေသည်။ ယင်းအခြေအနေတွင် ချယ်လ်ဆီးကစားသမားဟောင်း ပီတစ်က "ပိုချက်တီနိုက ဘာတွေလုပ်ချင်နေမှန်းကို မသိတာပါ။ အသင်းကနေ သူ ထွက်သွားတော့မယ်လို့ ကျွန်တော် ထင်တယ်။ အခုအချိန်မှာ ချယ်လ်ဆီးကို မော်ရင်ဟို ပြန်လာမယ်လို့ သတင်းထွက်နေတယ်။ သူသာ ချယ်လ်ဆီးကို ပြန်လာရင် စိတ်ဝင်စားစရာကောင်းမှာပါ။ သူက အခု ချယ်လ်ဆီးမှာ ပျောက်ဆုံးနေတဲ့ အသင်းရဲ့ DNA ကို ပြန်ယူပေးမယ့် သူလည်း ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းကို ၂၀၀၃ မှ ၂၀၀၇ အထိ၊ ၂၀၁၃ မှ ၂၀၁၅ အထိ နှစ်ကြိမ်ကိုင်တွယ်ဖူးပြီး ပရီးမီးယားလိဂ် (၃) ကြိမ်အပါအဝင် ဖလား (၈)လုံးအထိ ရယူပေးခဲ့ပြီး အသင်းသမိုင်းတွင် အအောင်မြင်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်နေသည်။

Most Recent