■ ရော်နယ်လ်ဒို သို့မဟုတ် ထာဝရရှင်သန်သူ (၅)

■ ရော်နယ်လ်ဒို သို့မဟုတ် ထာဝရရှင်သန်သူ (၅)
Photo : Getty Images
Photo : Getty Images
Published 7 February 2024
Chan Myae

ရော်နယ်လ်ဒိုအတွက် နောက်ထပ်အရေးပါတဲ့ လူသားတစ်ဦးက ကားလို့စ်ကွီရော့ဇ်ပါ။ သူက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လက်ထောက်နည်းပြဖြစ်တယ်။ ပြီးတော့ မန်ယူအသင်းနဲ့ စပို့တင်းလစ္စဘွန်းတို့ကို ပါတနာကလပ်အသင်းတွေဖြစ်လာအောင် ကူညီခဲ့သူလည်းဖြစ်တယ်။ ညီအစ်ကို ကလပ်အသင်းသဘောတူညီမှုအတွက် တစ်စိတ်တစ်ပိုင်းအဖြစ် ယူရို-၂ဝဝ၄ အတွက် ရည်ရွယ်ပြီး ပြင်ဆင်ထားတဲ့ ကွင်းသစ်ဖွင့်ပွဲကို စပို့တင်းလစ္စဘွန်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ ကစားဖို့ စီစဉ်လိုက်တယ်။ စပို့တင်းလစ္စဘွန်းရဲ့ ဖိတ်ကြားမှုကို မန်ယူနိုက်တက်က လက်ခံလိုက်တယ်။ အဲဒီအချိန်အထိ ဖာဂူဆန်က စီရော်နယ်လ်ဒိုကို မသိသေးပါဘူး။ ၂ဝဝ၃၊ ဩဂုတ် (၆)ရက်မှာတော့ ဒီနှစ်သင်း ကစားခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံ မန်ယူနိုက်တက်အသင်းဟာ ပေါ်တူဂီကို ရောက်လာတယ်။

 

Most Read

Most Recent