ဗိုလ်မြတ်ထွန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ယာဉ်နှစ်စီးတိုက်မိပြီး ခုနှစ်ဦး ဒဏ်ရာရရှိ

ဗိုလ်မြတ်ထွန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ယာဉ်နှစ်စီးတိုက်မိပြီး ခုနှစ်ဦး ဒဏ်ရာရရှိ
ဓာတ်ပုံ - ရှင်သန်ရေးကူညီမှုအသင်း
ဓာတ်ပုံ - ရှင်သန်ရေးကူညီမှုအသင်း
Published 3 February 2024

ရန်ကုန်မြို့၊ ဗိုလ်မြတ်ထွန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ယာဉ်နှစ်စီးတိုက်မိပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၃ ရက် နံနက် ၆ နာရီခွဲကျော်ခန့်တွင် ဗိုလ်မြတ်ထွန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ယာဉ်နှစ်စီးတိုက်မိမှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ရှင်သန်ရေးကူညီမှုအသင်းမှ သွားရောက်ခဲ့သည်။

"ဟွန်ဒိုင်းပစ်ကပ်နှင့် Toyota  Taxi ယာဉ်တို့ တိုက်မိတာပါ။ဟွန်ဒိုင်းပုဇဉ်းခေါင်းပစ်ကပ်က လမ်းထောင့်က သစ်ပင်နဲ့ မော်တော်ပီကယ်ရုံးကို ဝင်တိုက်မိသွားပါတယ်"ဟု ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှုကြောင့် ခုနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး သုံးဦးမှာ အနီရောင်အဆင့်(စိုးရိမ်ရ)ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများအား ရှင်သန်ရေးကူညီမှုအသင်းမှ လူနာတင်ယာဉ်နှစ်စီး၊ အိမ်စီးယာဉ်တစ်စီးတို့ဖြင့် လူနာခုနှစ်ဦးအား ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent