ချန်ပီယံပြေးလမ်းထက်က အီမရိတ်စ်စိန်ခေါ်ပွဲ

ချန်ပီယံပြေးလမ်းထက်က အီမရိတ်စ်စိန်ခေါ်ပွဲ
Photos: AFP
Photos: AFP
Published 3 February 2024
Wai Yan Aung

အခု ရင်ဆိုင်ရမယ့်ပွဲက သူတို့နှစ်ဦးအတွက် (၁၄)ကြိမ် မြောက်ဆုံတွေ့မှုဖြစ်ပြီး အင်္ဂလန်ဘောလုံးလောကမှာ နောက်ဆုံးဆုံတွေ့ရတဲ့ပွဲလည်း ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယာဂန်ကလော့ပ်က ရာသီကုန်ရင် လီဗာပူးလ်အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ပြီး တခြားအင်္ဂလန်ကလပ်တွေကိုလည်း ဘယ်တော့မှ ကိုင်တွယ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာကြောင့်ပါ။ ဒီတော့ တခြားကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ချိန်မှာ ပြန်ဆုံကောင်းဆုံနိုင်ပေမဲ့ အင်္ဂလန်ဘောလုံးလောကမှာတော့ ပြန်ဆုံဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီရာသီ ပြည်တွင်းဖလားပြိုင်ပွဲတွေမှာလည်း ပြန်မဆုံနိုင်တော့သလို၊ ဥရောပပြိုင်ပွဲမှာလည်း အာဆင်နယ်နဲ့ လီဗာပူးလ် အသင်းက ပြိုင်ပွဲတစ်ခုစီနဲ့ လမ်းကြောင်းချင်း ခြားနားနေပြီဖြစ်တာကြောင့် ပြန်ဆုံဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ယာဂန်ကလော့ပ် သူ့စကားအတိုင်းသာ တည်မယ်ဆိုရင် လာမယ့်ပွဲက အာတီတာနဲ့ ယာဂန်ကလော့ပ်တို့ အင်္ဂလန်ကလပ်အသင်းနှစ်သင်းကို ကိုယ်စားပြုပြီး နောက်ဆုံးဆုံတွေ့တဲ့ပွဲ ဖြစ်လာမှာပါ။ ဒီတော့ နောက်ဆုံးပွဲမှာ ပရိသတ်တွေကို ဘယ်လိုဖျော်ဖြေမလဲ၊ ဘယ်လိုရလဒ် ထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

 

Most Read

Most Recent