ယာဂန်ကလော့ပ် လမ်းခွဲမည့်အခြေအနေမှာ ပရီးမီးယားလိဂ်အတွက် ဆုံးရှုံးမှုဟု ရွိုင်ကင်း သုံးသပ်

ယာဂန်ကလော့ပ် လမ်းခွဲမည့်အခြေအနေမှာ ပရီးမီးယားလိဂ်အတွက် ဆုံးရှုံးမှုဟု ရွိုင်ကင်း သုံးသပ်
Photo: Sky Sports
Photo: Sky Sports
Published 29 January 2024

မန်ယူအသင်း၏ ကစားသမားဟောင်း ရွိုင်ကင်းက လီဗာပူးလ်အသင်းနှင့် နည်းပြ ယာဂန်ကလော့ပ် လမ်းခွဲမည့်အခြေအနေမှာ ပရီးမီးယားလိဂ်အတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။

ထို့ပြင် အချိန်အခါအရ ခြားနားသော်လည်း ၂၀၀၂ ခုနှစ်တွင် မန်ယူနည်းပြအဖြစ်မှ ဖာဂူဆန်အနားယူရန် စီစဉ်ခဲ့သည်နှင့် အနည်းငယ်တူညီသည်ဟုလည်း ဆိုခဲ့သည်။

သို့သော် ဖာဂူဆန်သည် ဆုံးဖြတ်ချက်ကို ပြင်ဆင်ကာ မန်ယူနည်းပြအဖြစ် ဆက်လက်လုပ်ဆောင်ခဲ့ပြီး ၂၀၁၃ နွေရာသီမှသာ အမှန်တကယ်အနားယူခဲ့သည်။

''ကလော့ပ်အနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်ခဲ့တာလို့ ထင်ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်အတွက်တော့  ဒါဟာ ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပါပဲ''ဟု ရွိုင်ကင်း က ဆိုခဲ့သည်။

Most Read

Most Recent