■ ဂွါဒီယိုလာလက်ထဲက ရွှေ     

■ ဂွါဒီယိုလာလက်ထဲက ရွှေ     
Photo: Sky Sports
Photo: Sky Sports
Published 8 March 2024
AK

ဂွါဒီယိုလာလက်ထဲ ရွှေဖြစ်သွားသူတွေ အများကြီးပဲ။ ရှိရင်းစွဲပါရမီထက် ပိုပြီးထက်မြက်အောင် ဂွါဒီယိုလာက လှုံ့ဆော်ပေးနိုင်တယ်။ ဂွါဒီယိုလာက ကျောက်ရိုင်းတုံးတွေကို တန်ဖိုးမြင့်အောင်သွေးနိုင်သူပါပဲ။ ဂွါဒီယိုလာ စတင်ပေးခဲ့သူတွေထဲ ဂန္ထဝင်အဆန်ဆုံးက မက်ဆီဖြစ်ပြီး နောက်ထပ် နောက်ထပ် ပါရမီရှင်များစွာဟာ မက်ဆီလမ်းစဉ်ကို အားကျအတုယူရင်း အနာဂတ်ကို မျှော်ကြည့်နေတယ်။ ၂၀၁၇-၁၈ ရာသီမှာ ဖိုဒန်က မန်စီးတီးအတွက် ပွဲထွက်ခဲ့တယ်။ အဲဒီရာသီမှာ ဖိုဒန် (၁၀) ပွဲသာကစားခွင့်ရပေမယ့် ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်နိုင်ခဲ့တယ်။ တောက်မဲ့မီးခဲတရဲရဲဆိုတာ သက်သေပြခဲ့တယ်။ လက်ရှိရာသီမတိုင်ခင်အထိ ဖိုဒန်ရဲ့ အကောင်းဆုံးရာသီက ၂၀၂၀-၂၁ ရာသီပါပဲ။ အဲဒီရာသီမှာ ဖိုဒန်က (၁၆) ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၁၀) ကြိမ်ပြုလုပ်နိုင်ခဲ့တယ်။ သူ့ရဲ့ Chance Created က (၇၅) ကြိမ်အထိရှိခဲ့ပါတယ်။ မန်စီးတီးကစားသမားဘဝ အကောင်းဆုံးရာသီက မှတ်တမ်းတွေကို ဖိုဒန် လက်ရှိရာသီမှာ ကျော်ဖြတ်လိုက်ပါပြီ။