■ FA ဖလား တတိယအဆင့် ပွဲကြိုသုံးသပ်ချက် 

■ FA ဖလား တတိယအဆင့် ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 26 January 2024

အစ်ဝစ်ချ် - မိန့်စတုန်း (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၇:၀၀ နာရီ)

အစ်စ်ဝစ်ချ်အတွက်တော့ အရမ်းချောင်တဲ့ ပွဲတစ်ပွဲကို ကစားရမှာဖြစ်တယ်။ လိဂ်ချန်ပီယံရှစ်ရဲ့အဆင့်(၂)နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို ပြန်တက်လာဖို့ အခြေအနေကောင်းနေတဲ့အသင်းလည်းဖြစ်တယ်။ မိန့်စတုန်းကတော့ နေရှင်နယ်လိဂ်က အသင်းတစ်သင်းဖြစ်ပြီး ဒီအဆင့်အထိ ရောက်လာတာကိုက အောင်မြင်မှုပါပဲ။ အစ်ဝစ်ချ်နဲဲ့ အစစအရာရာ ခြားနားလွန်းပြီး အဝေးကွင်းမှာ နိုင်ပွဲလာယူဖို့၊ သရေခံကစားဖို့ မဖြစ်နိုင်ပါဘူး။ 



လက်စတာ - ဘာမင်ဂမ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၉:၃၀ နာရီ)

လက်စတာနဲ့ ဘာမင်ဂမ် နှစ်သင်းစလုံးက လိဂ်ချန်ပီယံ ရှစ်အသင်းတွေပါ။ လက်စတာအသင်းက လိဂ်ချန်ပီယံရှစ်မှာ အမှတ်ပေးဇယားထိပ်ဆုံး ရပ်တည်နေပြီး အမှတ်ဖြတ်ဦးဆောင်နေတယ်။ ဒီအတိုင်းဆို လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ကို ပြန်တက်လာဖို့ များနေပြီ။ ဘာမင်ဂမ်အသင်းကတော့ နောက်ဆုံး နှစ်ပွဲဆက်နိုင်လို့သာ အမှတ်ပေးဇယား အဆင့်(၂၀)အထိ တက်လာခဲ့တာဖြစ်တယ်။ ဒီနှစ်သင်းကြားမှာ ရပ်တည်မှုကွာသလို ခြေကွာပါတယ်။ လက်စတာ အိမ်ကွင်းလည်းဖြစ်နေတယ်။ လက်စတာပဲ နိုင်လိမ့်မယ်။ 



လိဒ်စ် - ပလိုင်းမောက် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၉:၃၀ နာရီ)

လိဒ်စ်က လိဂ်ချန်ပီယံရှစ် အဆင့် (၄)နေရာမှာ ရပ်တည်နေတယ်။ နောက်ဆုံး (၄)ပွဲဆက် အနိုင်ရထားတယ်။ အိမ်ကွင်း ပြိုင်ပွဲစုံ နောက်ဆုံး (၁၀)ပွဲမှာ (၉)ပွဲနိုင်၊ (၁)ပွဲသရေ ကစားထားတယ်။ အိမ်ကွင်းမှာ ရှုံးပွဲမရှိတာ (၁၆)ပွဲရှိပြီဆိုတာ တွေ့ရတယ်။ ပလိုင်းမောက်အသင်းက လိဂ်ချန်ပီယံရှစ်မှာ အဆင့်(၁၅)ရောက်နေတဲ့အသင်းဖြစ်ပြီး လိဒ်စ်ကွင်းမှာ ရုန်းကန်ရလေ့ရှိပါတယ်။ ဒီပွဲလည်း လိဒ်စ်အသင်းရဲ့ကွင်းမှာ သရေခံကစားဖို့ မလွယ်ပါဘူး။ လိဒ်စ်ပဲ နိုင်မယ်။ 



အဲဗာတန် - လူတန် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၉:၃၀ နာရီ)

ခြေတက်လာတဲ့ လူတန်က အဲဗာတန်ကို ဒုက္ခပေးဖို့ ကြိုးစားလိမ့်မယ်။ သိပ်မကြာသေးခင်ကပဲ အဲဗာတန်အသင်းရဲ့ကွင်းမှာ ကစားခဲ့ကြတယ်။ အဲဗာတန်လည်း ပုံစံကောင်းပြနေချိန်၊ လူတန်လည်း ခြေတက်နေချိန်ဖြစ်ပြီး လူတန်က အဲဗာတန်ကွင်းမှာ အနိုင်ကစားပြခဲ့တယ်။ အခု ဒီပွဲကတော့ အဲဗာတန်အတွက် မကျေပွဲလို့ ဆိုရမယ်။ အဲဗာတန်ကွင်းလယ်မှာ အန်ဒရေဂိုးမက်စ်လို ကစားသမားမျိုးကို နေရာပေးပြီး တည်ကစားရင် အသင်းလိုက် ပိုကောင်းလာမှာသေချာတယ်။ ဒီပွဲလည်း ပုံမှန်အားဖြင့်တော့ အဲဗာတန် နိုင်သင့်တယ်။ 



ရှက်ဖီးယူနိုက်တက် - ဘရိုက်တန် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၇ ရက် ည ၉:၃၀ နာရီ)

ရှက်ဖီးယူနိုက်တက်-ဘရိုက်တန်ပွဲက အခုတစ်ပတ်ပွဲစဉ်တွေမှာ ပရီးမီးယားလိဂ်အသင်းအချင်းချင်း ရင်ဆိုင်ရမယ့် ပွဲစဉ် ၅ ပွဲထဲက တစ်ပွဲပါ။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဆုံတွေ့တုန်းက ဘရိုက်တန် တစ်ဖက်သတ်အသာစီးက ကစားခဲ့ပေမဲ့ နောက်ဆုံးမှာ သရေရလဒ်နဲ့ ကျေနပ်လိုက်ရတယ်။ ဘရိုက်တန်ရဲ့ ဒီရာသီပုံစံက အဲဒီအတိုင်းပါပဲ။ စိတ်တိုင်းကျကစားတယ်။ ဘောလုံးကိုင်တယ်။ အခွင့်အရေးတွေ ဖန်တီးတယ်။ နောက်ဆုံးမှာ သရေကျတယ်ဆိုတာမျိုး ဖြစ်နေတယ်။ အခုရလဒ်တက်နေချိန်မှာတောင် စိတ်မချရဘူး။ သရေပဲဖြစ်ဦးမှာပဲ။ 



ဖူလ်ဟမ် - နယူးကာဆယ် (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၈ ရက် နံနက် ၁:၃၀ နာရီ)

ဖူလ်ဟမ်က ရလဒ်တွေ ဆိုးနေတယ်ဆိုပေမဲ့ တကယ်တမ်းတော့ ကစားရတာ တော်တော်လေး ခက်ခဲပြီး မာကျောတဲ့ အသင်းတစ်သင်းလို့ ပြောနိုင်တယ်။ ခံစစ်ပိုင်းရော၊ ကွင်းလယ်ကစားပုံပါ ဟန်ချက်ညီသလို၊ တိုက်စစ်ပိုင်းကလည်း အလုပ်ဖြစ်လာတယ်။ နယူးကာဆယ်က နောက်ပိုင်းပွဲတွေမှာ ရလဒ်သိသိသာသာ ကျဆင်းနေတယ်။ မန်စီးတီးနဲ့ ကစားတဲ့ပွဲကတော့ ရလဒ်ပိုင်းက ရှုံးနိမ့်ခဲ့တယ်ဆိုပေမဲ့ နယူးကာဆယ်ရဲ့ ပုံစံကောင်းကို ပြန်မြင်ခဲ့ရတယ်။ ဒီပွဲက အကြိတ်အနယ်ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ သရေကျဖို့များတယ်။ 

 

Most Read

Most Recent