အကောင်းဆုံးပုံစံနဲ့ ပရီးမီးယားလိဂ် ပရိသတ်တွေရှေ့ ပြန်ရောက်လာခဲ့သူ

အကောင်းဆုံးပုံစံနဲ့ ပရီးမီးယားလိဂ် ပရိသတ်တွေရှေ့ ပြန်ရောက်လာခဲ့သူ
Photo : Getty Images
Photo : Getty Images
Published 22 January 2024
Linn Oo Eain

ပြီးခဲ့တဲ့စနေညက ကစားခဲ့တဲ့ ပရီးမီးယား လိဂ်ပွဲစဉ်မှာ လန်ဒန်ကလပ် ဘရန့်ဖို့ဒ်က နော်တင်ဟမ်ကို (၃-၂)နဲ့အနိုင်ရခဲ့ တယ်။ ဒါကြောင့်လည်း ဘရန့်ဖို့ဒ်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး (၈)ပွဲ ဆက်နိုင်ပွဲပျောက်ဆုံးခဲ့တာကို အဆုံးသတ်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့တယ်။

ဆိုချင်တာက ဘရန့်ဖို့ဒ်တိုက်စစ်မှူး အီဗန်တိုနေး အကြောင်းဖြစ်ပြီး အဲဒီပွဲမှာ သူက အသင်းအတွက် ပထမဆုံးဂိုးကို ပြစ်ဒဏ်ဘောကတစ်ဆင့် နော်တင်ဟမ်ဂိုးသမား မတ်သရူးတာနာ ရဲ့ ဘယ်ဘက်ထောင့်ကျဉ်းထဲကို လှလှပပ ကန်သွင်းခဲ့တယ်။ ပြီးခဲ့တဲ့ရာသီအတွင်းကလည်း ပြစ်ဒဏ်ဘောကနေတစ်ဆင့် ပရီးမီးယားလိဂ်သွင်းဂိုး (၃)ဂိုး အီဗန်တိုနေး သွင်းယူနိုင်ခဲ့ပြီး ဒီ Freekick သွင်းဂိုးကတော့ ဒီရာသီ သူ့ရဲ့ ပထမဆုံးဂိုးဖြစ်ခဲ့တယ်။

 

Most Read

Most Recent