နစက ဥက္ကဋ္ဌနှင့် ထိုင်းဘုရင့် ကြည်းတပ်ဦးစီးချုပ်ရုံး အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌတို့ တွေ့ဆုံပြီး နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ ဆွေးနွေး

နစက ဥက္ကဋ္ဌနှင့် ထိုင်းဘုရင့် ကြည်းတပ်ဦးစီးချုပ်ရုံး အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌတို့ တွေ့ဆုံပြီး နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ ဆွေးနွေး
နစကဥက္ကဋ္ဌနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးစဉ်
နစကဥက္ကဋ္ဌနှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌတို့ တွေ့ဆုံဆွေးနွေးစဉ်
Published 17 January 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘု ရင့်ကြည်းတပ်ဦးစီးချုပ်ရုံး အကြံပေးဘုတ်အ ဖွဲ့ ဥက္ကဋ္ဌနှင့် Army Operations Center ၊  Neigh -boring Countries Coordination Center (NCCC) ဌာန၏ အကြီးအကဲဖြစ်သူ General Kittisak Boonprathamchai  တို့ တွေ့ဆုံပြီး နယ်စပ်ဒေသများ၌ တည်ငြိမ် အေးချမ်းရေး ပူးပေါင်းဆောင်ရွက်မည့် အ ခြေအနေများ ဆွေးနွေးခဲ့ကြောင်း သိရ သည်။

ဇန်နဝါရီ ၁၆ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ နိုင် ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်ကြည်း တပ်ဦးစီးချုပ်ရုံး အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ နှင့် Army Operations Center ၊  Neigh -boring Countries Coordination Center (NCCC) ဌာန၏ အကြီးအကဲဖြစ်သူ General Kittisak Boonprathamchai   ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ ခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင် ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိ ရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုများ တိုးမြှင့်ခိုင်မာစေရေး ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ တပ် မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးစဉ် များ အပြန်အလှန်သွားရောက်ခြင်း၊ ယဉ် ကျေးမှုအဖွဲ့အချင်းချင်း ထိတွေ့ဆက်ဆံခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည့်အခြေအနေ များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ၌ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အ ကြမ်းဖက်မှုတိုက်ဖျက်ရေး၊ သတင်းအချက် အလက်များ ဖလှယ်ရေးတို့တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိ ရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦး စီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြ ပြီး ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး အကြံ ပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့်အတူ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင် ရာ ထိုင်းဘုရင့်ကြည်းတပ်စစ်သံမှူး Senior Colonel Thanwit Yomchinda တို့ တက် ရောက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent