■ နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်ပြီးနောက် မော်ဒိုက်၏ အခြေခံ အဆောက်အအုံ ကဏ္ဍအတွက် ပံ့ပိုးမည်ဟု တရုတ် ကတိပြု

■ နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်ပြီးနောက် မော်ဒိုက်၏ အခြေခံ အဆောက်အအုံ ကဏ္ဍအတွက် ပံ့ပိုးမည်ဟု တရုတ် ကတိပြု
■ Photo:AFP
■ Photo:AFP
Published 11 January 2024
■ Ref:AFP

မဟာဗျူဟာကျသော အိန္ဒိယသမုဒ္ဒရာထဲမှ ကျွန်းစုနိုင်ငံဖြစ်သည့် မော်ဒိုက်နှင့်ဆက်ဆံရေး အဆင့်မြှင့်တင်ခဲ့ပြီးနောက် မော်ဒိုက်၏ အခြေခံအဆောက်အအုံကဏ္ဍအတွက် ရန်ပုံငွေ ထောက်ပံ့ပေးမည်ဟု တရုတ်က ဇန်နဝါရီ ၁၁ ရက်တွင် ကတိပြုခဲ့သည်။ 

တရုတ် နှင့် အိန္ဒိယတို့၏ အပြိုင်အဆိုင် သြဇာလွှမ်းမိုးနိုင်ရေး ကြိုးပမ်းမှုများကြားတွင် မော်ဒိုက်သမ္မတ ရွေးကောက်ပွဲကို စက်တင်ဘာ ၃၀ ရက်  က ကျင်းပခဲ့ပြီး မိုဟာမက်မူအစ်ဇူသည် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည်။ 

၎င်းက တရုတ်နှင့် ဆက်ဆံရေးခိုင်မာအောင် တည်ဆောက်ကာ နိုင်ငံထဲမှ အိန္ဒိယတပ်ဖွဲ့ဝင်များကို ဖယ်ရှားမည်ဟု ကတိပြုထားသည်။ 

မူအစ်ဇူသည် မော်ဒိုက်သမ္မတအဖြစ် ၎င်း၏ပထမဆုံး နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ယခုသီ တင်းပတ်ထဲတွင် တရုတ်သို့ သွားရောက်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်က နှစ်နိုင်ငံခေါင်းဆောင် နှစ်ဦးအကြား ကျယ်ကျယ်ပြန့်ပြန့် သဘောတူ  ညီမှုများကို အသေးစိတ်ဖော်ပြထားသည့်ပူး တွဲကြေညာချက်တစ်ရပ်ကို နှစ်ဖက်စလုံးက ထုတ်ပြန်ခဲ့သည်။ ဦးစားပေးကဏ္ဍများတွင် မိမိတို့လုပ်ဆောင်နိုင်သည့် အတိုင်းအတာအ တွင်းမှ မော်ဒိုက်အတွက် ပံ့ပိုးမှုများဆက်လက် ပြုလုပ်သွားမည်ဟု တရုတ်က ကတိပြုခဲ့သည်။ 

၎င်းကဏ္ဍများတွင် အခြေခံအဆောက်အအုံ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုဘဝတိုး တက်ရေး၊ စွမ်းအင်၊ စိုက်ပျိုးရေး အစရှိသည့် ကဏ္ဍများပါဝင်ကြောင်း သိရသည်။





 

Most Read

Most Recent