အပြာရောင်မန်ချက်စတာရဲ့ လူငယ်ကြယ်ပွင့်အသစ်

အပြာရောင်မန်ချက်စတာရဲ့ လူငယ်ကြယ်ပွင့်အသစ်
Photos: Getty Images
Photos: Getty Images
Published 3 January 2024
Zay Yar Htun

"သူက အရည်သွေးမြင့် လူငယ်တစ်ယောက်ပါပဲ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ လူစားဝင်အသုံးပြုခဲ့တာပါ။ သူကွင်းထဲဝင်ပြီး နောက်ပိုင်းမှာ ကျွန်တော်တို့အနေနဲ့ အခွင့်အရေးဖန်တီးမှုတွေ ပိုလုပ်နိုင်ခဲ့တယ်"    ဒီစကားဟာ မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမား အော်စကာဘော့ အပေါ်ချီးကျူးခဲ့တာပါ။ ရှက်ဖီးယူနိုက်တက်ကို အနိုင်ရခဲ့ပြီးနောက် မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့တာဖြစ်ပြီး သူတို့အသင်းအနေနဲ့ ပြိုင်ဘက်ကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတယ်လို့လည်း ဆိုခဲ့ပါတယ်။ ဘော့ကတော့ အဲဒီပွဲမှာ (၅၂)မိနစ်ကျမှ ဂရီးလစ်ရှ်အစား လူစားဝင်ကစားခဲ့တာဖြစ်ပြီး အလားအလာရှိတဲ့ သူ့ရဲ့ ခြေစွမ်းခြေစကိုလည်း ပြသနိုင်ခဲ့တယ်။ ဒါကြောင့်လည်း ဗြိတိန်မီဒီယာတွေအနေနဲ့ ဘော့ကို ဖိုဒန်လို မန်ချက်စတာစီးတီးအသင်းရဲ့ နောက်ထပ်ကြယ်တစ်ပွင့် ဖြစ်လာနိုင်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။

 

Most Read

Most Recent