အန်တိုနီကို ပွဲထွက်စာရင်းမှ ချန်လှပ်သင့်ကြောင်း ပီတာရှမိုက်ကယ် တိုက်တွန်း

အန်တိုနီကို ပွဲထွက်စာရင်းမှ ချန်လှပ်သင့်ကြောင်း ပီတာရှမိုက်ကယ် တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 1 January 2024

မန်ယူအသင်း၏ ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်က မန်ယူနည်းပြ တန်ဟက်ဂ်အနေဖြင့် တိုက်စစ်ကစားသမား အန်တိုနီကို ပွဲထွက်စာရင်းမှ ချန်လှပ်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ပီတာရှမိုက်ကယ်က အန်တိုနီသည် နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင် ပွဲ၏အခြေအနေကို နားမလည်ခဲ့ကြောင်းနှင့် အသင်းဖော်များအား အခက်တွေ့စေခဲ့ကြောင်းလည်း ဝေဖန်ပြစ်တင်ခဲ့သည်။

''အန်တိုနီရဲ့ အနေအထားအပေါ် တန်ဟက်ဂ် ပြန်စဉ်းစားသင့်ပါတယ်။ သူက အသင်းဖော်တွေကို အခက်တွေ့စေပါတယ်။ သူက အခွင့်အရေးတွေ အများကြီးရရှိထားပေမဲ့ ဒီရာသီမှာ ဂိုးလည်းမသွင်းနိုင်သလို၊ ဖန်တီးမှုလည်း မလုပ်နိုင်ပါဘူး။ သူ ကြိုးစားနေတယ်ဆိုပေမဲ့ သူ့နေရာအတွက် စဉ်းစားသင့်ပါပြီ'' ဟု ပီတာရှမိုက်ကယ်က ပြောကြားခဲ့သည်။